"ငါ့တူ ဒါမင်းသင်ပေးရမယ့် သူ ဦးလေးရဲ့သား နာမည်က Jeon Jungkook တဲ့"
"မင်္ဂလာပါညီလေး အကို့နာမည် Kim Taehyung ပါ"
ဩရှရှအသံနဲ့ မိတ်ဆက်လာသည့်သူအား Jungkook ကြောင်အစွာဖြင့်ကြည့်နေမိသည်။မျက်ခုံးထူထူ နှုတ်ခမ်းပါးပါး အသားအရည်ညိုဖန့်ဖန့်ဖြင့် ယောကျာ်းဆန်စွာချောမောနေသည့် အရှေ့ကသူ့အားစာသင်မည့်သူဆီအတန်ကြာသည်ထိအာရုံမလွှဲမိပေ။
"ဟိတ်ကောင်"
"ဗျ ဗျာ"
"မင်းကို ခေါ်နေတာမကြားဘူးလား ဒီကောင် ထိုင်နေရင်းနဲ့တောင် စိတ်ကဘယ်အရပ်ရောက်နေတာတုန်း မြင်တဲ့အတိုင်းပဲ ငါ့တူရေ ဒီကောင်ကို မင်းသေချာထိန်းသိမ်းပေးဖို့ ဦးလေးတောင်းဆိုပါတယ်"
"ဟုတ်ကဲ့ပါ ဦးလေး စိတ်ချပါ"
"အဖေကစာသင်ခိုင်းတာလား လူငယ်ထိန်းသိမ်းရေးစခန်းပို့တာလား"
"ဘာမှထပ်ကွန့်မနေနဲ့ အခုစာသင်ဖို့ပြင်"
"ဟမ် အခုလား"
"ဟုတ်တယ်လေ အကိုခုရောက်လာတာမင်းကိုစာသင်ဖို့လေ"
အဖေ့အပြောကြောင့် မျက်စိအစုံပြူးကျယ်သွားပေမယ့် အရှေ့က သူ့ကိုစာသင်မယ့်ရုပ်ချောချောနဲ့အကိုစကားကြောင့် နည်းနည်းကိုယ်ရှိန်သတ်လိုက်ရသည်။
"သားအခန်းမှာပဲ သင်လိုက်ငါ့တူ အားမနာနဲ့ အချိုးမပြေရင် လုပ်သာလုပ်"
"အဖေ့"
လူမွေးထားတာ နွားမွေးထားတယ်များမှတ်နေလားမသိ ရိုက်နှက်ပစ်ဆိုတာချည်း။
ဆူပုတ်ပုတ်မျက်နှာနဲ့ စာသင်ဖို့တက်သွားသော သားကိုကြည့်ပြီး Mr.Jeon တစ်ယောက်ခပ်ပြုံးပြုံးဖြစ်သွားရသည်။
ဒီကလေးကတော့ ငါ့သားကိုကြပ်မတ်နိုင်ဖို့ပဲမျှော်လင့်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Taehyung အရှေ့ကလျှောက်သွားတဲ့ ကောင်လေးနောက်လိုက်ပြီး သူဖွင့်ပေးတဲ့အခန်းထဲကိုဝင်လိုက်တော့ အခန်းတစ်ခုလုံးက မီးခိုးရောင်တွေနဲ့ပြည့်နှက်နေလေသည် ခန်းစီးလိုက်ကာတွေက တစ်ဝက်လောက်ပဲဖွင့်ထားပြီး အလင်းရောင်ဝင်စအခန်းကို Neon light တွေထွန်းထားသေးသည် ။သူပဲ အသက်ကြီးလာလို့လား ဒီခေတ်လူငယ်တွေကပဲ ဒီလိုမှောင်"မိုက်"ပုံတွေ သဘောကျတာလား စဉ်းစားလို့မရ။
ဘယ့်နှယ် စိတ်အကြည်ဓာတ်ရအောင်လင်း"ထင်း"ရှိနေရမှာကို။