1.SFTS

64K 420 68
                                    

"ဟုတ်ကဲ့ အားနာလိုက်တာရှင် အခန်းကတစ်ခန်းပဲကျန်တော့လို့ပါ တောင်းပန်ပါတယ်ရှင့်"

Reception မှ ဝန်ထမ်းကောင်မလေးက အထပ်''အားနာစကားဆိုတော့ အတွန့်တက်ကာ မရမက အခန်းတောင်းနေတဲ့ ဟန်နီ ရဲ့လက်ကိုလှမ်းဆွဲကာ

"ဟန်နီ ကိုယ်တို့တခြားဟိုတယ်သွားစုံစမ်းကြည့်ရအောင်လေနော်"

"မရဘူးလို့ မောင်ကလည်း ဒီလောက်ညနက်နေပြီ ဟန်နီအရမ်းပင်ပန်းနေပြီ နားချင်လှပြီ သူပြောတာလဲ မောင်ကြားသားပဲ ဒီနားမှာ အနီးဆုံး ဟိုတယ်ကနောက်ထပ် မိနစ် ၂၀လောက် မောင်းရအုံးမှာပါတဲ့ဆို"

Reception ကဝန်ထမ်းကောင်မလေးက သူတို့ဆီကအခန်းမလုံလောက်တော့တာကြောင့် အနီးဆုံးဟိုတယ်ကိုပါညွှန်းပေးနေတာကို ခုဏကသူလည်းကြားလိုက်ပါသည်။

တကယ်လည်း ဟန်နီရဲ့ပင်ပန်းပြီးနွမ်းဖတ်နေတဲ့မျက်နှာလေးကြောင့် မိုးစက် မရမကဂျီတိုက်နေတဲ့ ဟန်နီကိုလည်းအပြစ်မဆိုရက်ပေ။

ဘယ်လိုလုပ်ကြမလဲ။
ဒီဟိုတယ်မှာက အခန်းတစ်ခန်းတော့ရတာမို့ သူနဲ့ဟန်နီနဲ့နေခဲ့ပြီး ဟန်နီ့အစ်ကိုကို တခြားဟိုတယ်မှာသွားတည်းခိုင်းဖို့ကြလည်း သူ့အနေနဲ့မပြောရဲပေ။

ဟန်နီ့အစ်ကိုနဲ့ ဟန်နီ့ကို ဒီမှာနေခဲ့ခိုင်းပြီး သူကတခြားဟိုတယ်သွားနေမည်ဆိုလည်း ဟန်နီကလက်ခံမည်မဟုတ်။

"ဟို..."

သူ့ညီမဂျီတိုက်နေတာကို ဘေးကနေ လက်ပိုက်လို့ ရပ်ကြည့်နေနိုင်သူကြီးအား မျက်လုံးလေးလှန်လို့စကားစမိတော့မှ အစ်ကိုက သူ့ကို တစ်ချက်ကြည့်ကာ

"အငယ် ဒီမှာပဲနားချင်လှပြီဆိုလည်း ကိုယ်တို့သုံးယောက် တစ်ခန်းပဲယူလိုက်မယ် ဒီညတော့ ဒီမှာသုံးယောက်တစ်ခန်းနေပြီး နောက်ရက်မှအခန်းမရရင် တခြားဟိုတယ်သွားတာပေါ့ အဲ့လိုမှမနေချင်ရင် ဂျီမကျနဲ့တော့ အငယ် တခြားဟိုတယ်သွားမှပဲရမယ်"

တကယ်ဆို ဟန်နီ reception မှာရစ်နေတာကိုက မိနစ် ၂ဝ ခန့်ရှိပြီမို့ တခြားဟိုတယ်သွားရှာရင်တောင် ရောက်နေလောက်ပြီဖြစ်သည်။

Stealing Fruit Tasted SweeterWhere stories live. Discover now