part 11

612 71 5
                                    

ဆေးရုံကပြန်လာပြီးအလုပ်ကိုတန်းပြန်လာခဲ့တယ်
အလုပ်ကိုရောက်တော့သူမဟုတ်သလိုဂျင့်ကိုလျစ်လျူရှုထားခဲ့တယ်

ဆော့ဂျင်ရှေ့ကစားပွဲအစား မျက်နှာချင်းဆိုင်မှန်နံရံတွေကာထားတဲ့အခန်းတစ်ခုကိုစီစဉ်ပေးထားတယ်

CEOကိုယ်တိုင်ကစီစဉ်ပေးထားတာကြောင့်လားဘဲမသိသူအသာတကြည်လိုက်ခံလိုက်တယ်

ဘာဘဲဖြစ်ဖြစ်ပါ သူအ‌ဆင်ပြေဖို့အရေးကြီးတယ်

" ဆော့ဂျင် "
" ဟုတ်ကဲ့ အဖွဲမှူးကင် "
" ဆေးရုံကဘာဖြစ်တာလို့ပြောလိုက်လဲ "
" အာ အလက်ဂျစ်ပါ "
" ဘာနဲ့မတည့်တာလဲ "
" ဟိုဟာ "

ဆက်ပြောမယ့်ဂျင့်စကားတွေရပ်တန့်သွားတယ်
ဘာကြောင့်လဲဆိုတော့ မှန်နံရံဆီကနေကြည့်နေတဲ့ စူးရှရှအကြည့်တွေကိုတွေ့လိုက်လို့ဘဲ

တစ်ခါတည်း သူလမ်းမှာပြောခဲ့တဲ့စကားကိုပါသတိရသွားတယ်

" အလက်ဂျစ်ကသက်သာလား "
" ဟုတ်ကဲ့ သက်သာပါတယ် "
" မပြောနဲ့ "
" ဗျာ "
" မင်း အလက်ဂျစ်အကြောင်းကိုတခြားသူကိုမပြောပြနဲ့"
" ဘာလို့လဲ "
" မင်းအလက်ဂျစ်ထတာကမင်းအားနည်းချက်တစ်ခုဖြစ်သွားပြီ ဆရာ၀န်ပြောတာကြားတယ်မလား အခုတစ်ခါကဘာမှသိပ်မဖြစ်ပေမယ့် အကြိမ်ရေများလာတဲ့အခါအသက်အန္တာရာယ်အထိရောက်နိုင်တယ်လို့လေ "
" အဲ့ဒါနဲဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ မင်းပြောပြလိုက်တဲ့အခါ မင်းကိုကြိတ်မုန်းနေတဲ့သူဖြစ်နေတဲ့အခါကြရင် ဘယ်လိုလုပ်မလဲ "

မဖြစ်နိုင်တာ ဘ၀က drama ဆန်စရာလား သူ့ကိုယ်သူကိုရီးယားကားရိုက်နေတယ်ထင်နေလားမသိ

ဆော့ဂျင်စိတ်ထဲ၌သာပြောမိတယ်
အပြင်မှာတော့မပြောရဲ့ဘူးလေ

" မယုံမရှိနဲ့ တခြားသူတွေကိုပြောပြလို့ရှိရင် မင်းကို ကြက်သွန်ဖြူနဲ့အာလူးကျွေးမယ့်သူကငါကိုယ်တိုင်ဘဲ ဖြစ်လိမ့်မယ်"

"ဒီတိုင်းပါ.."
ဆော့ဂျင်အဖြေမဟုတ်တဲ့အဖြေကိုသာပြန်ပေးမိပေမယ့်

အဖွဲ့မှူးကင်ကနားလည်သလိုမျိုးပြုံးပြတဲ့အခါမှာ သူဟာအားနားစွာဘဲပြုံးပြမိတယ်

Always youWhere stories live. Discover now