ကျန်းဟောင့်တို့ကားလေးက ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ သီးသန့်ခြံ၀န်းလေးထဲ ရောက်ရှိလာသည်။
ဒါက ဆောင်းဟန်ဘင်းရဲ့မေမေ လက်ဖွဲ့ထားတဲ့ ခြံနဲ့တိုက်လေ။ဆူညံသံတွေကို မကြိုက်နှစ်သက်တဲ့ ကျန်းဟောင့်နဲ့ ဒီရပ်ကွက်၊ ဒီခြံ၀န်းလေးက အမှန်ပင် နှစ်သက်သဘောကျစဖွယ်..။
"ကဲ.. ကျန်းဟောင့်.. ဘယ်လိုလဲ သဘောကျရဲ့လား.."
"သဘောကျပါတယ်.."
"ဒါဆိုလည်း အထုပ်အပိုးတွေသယ်ပြီး အိမ်ထဲ အရင်၀င်ရအောင်လေ..
ပြီးမှ ရေမိုးချိုး အေးဆေးနားကြတာပေါ့.."ဆောင်းဟန်ဘင်းက စကားလည်းဆုံးရော သူ့အထုပ်တွေကိုသယ်ကာ အိမ်ထဲ၀င်သွားသည်။
"ကဲ.. အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းရှိတယ်.. ကိုယ်ရယ် မင်းရယ် တစ်ယောက်တစ်ခန်း.."
"....."
"ကိုယ်တို့က အခုမှ ရင်းနှီးဖို့ပြင်နေတဲ့ သူစိမ်းတွေမို့ အခန်းတူတူသုံးဖို့ဆိုတာ မင်းအတွက်ရော ကိုယ့်အတွက်ပါ မဖြစ်နိုင်ဘူးထင်လို့ အခန်းခွဲထားရတာပါ. "
"ရတာပေါ့ အခုလိုကျ ဦးဟန်ဘင်းရော ကျွန်တော်ပါ အဆင်ပြေသွားတယ်လေ..
ကျွန်တော် ရေမိုးချိုးပြီးရင် တရေးလောက်အိပ်ဦးမယ်..တနေကုန်ပင်ပန်းထားတော့ လူက နေရတာ မလန်းလို့..""နားလေ..အပြည့်အ၀နား.. မနက်ဖြန် ကျောင်းမတက်ချင်သေးရင်လည်းပြောနော်.. ကိုယ်ခွင့်တိုင်ထားပေးမယ်. "
"ရပါတယ် .. မနက်ဖြန်ကျရင်တော့ ကျောင်းသွားမှရမယ်..
မဟုတ်ရင် စာနောက်ကျကုန်မှာ.."အိမ်မှာသာ ငဂျစ်လေးလုပ်ပြီး သူ့အဖေတွေကို ချွဲနေပေမယ့် စာတော့ တအားကြိုးစားတာ..။
သည်လိုကလေးလေးနှင့် တစ်အိမ်ထဲနေရတာ ဆောင်းဟန်ဘင်းအတွက်တော့ ညီလေးတစ်ယောက်ကောက်ရသလိုပါပဲ..။"ဒါဆို ကိုယ်သွားပြီနော် ကျန်းဟောင့်"
**************************
ညနေရေချိုးပြီးထဲက အိပ်လိုက်တာ ညခုနှစ်နာရီမှ ကျန်းဟောင့်နိုးလာသည်။
ဗိုက်ကလည်း ဆာနေကြောင်း ဆန္ဒပြလာတာမို့ သူမီးဖိုချောင်ထဲ၀င်ကြည့်လိုက်သည်။
ပြင်ဆင်ထားတာ ဘာမှမရှိ။
ရေခဲသေတ္တာဖွင့်ကြည့်တော့ အသင့်စားခေါက်ဆွဲထုပ်တွေ တွေ့သည်နှင့် ထိုခေါက်ဆွဲထုပ်များကိုယူကာ ဖောက်လိုက်သည်။
ရေနွေးအိုးဆူဆူတည်ကာ ခေါက်ဆွဲခြောက်များအား မုန်ညှင်းရွက်အနည်းငယ်၊ အသားလုံးအနည်းငယ်ထည့်ပြီး ပြုတ်လိုက်သည်။

YOU ARE READING
Ai Ni
Fanfictionဟောင့်ကလေးရဲ့ ..ဦးထက်ထိပ်မှာ ပန်ဆင်ထားတဲ့ ငွေရောင်ကလစ်လေး ဖြစ်ပါရစေ..