Chapter 1

164 10 5
                                    

ပထမဆုံးအနေနဲ့တခြားကူးပြောင်းသွားတဲ့ ဝတ္ထုတွေလိုပဲ အစချီရမည်ပင်။ သူသည် ဒီဝတ္ထုထဲကိုမကူးပြောင်းခင်က 21ရာစုရဲ့ သာမန်ဆန်သောဆယ်ကျော်သက်တစ်ယောက်ပင်။ သူသည်မနက်တွင် မိသားစုရဲ့အမှိုက်အဖြစ်အိပ်ယာနိုးထသည်။ စားသည်။ စာဖတ်သည်။ တက္ကသိုလ်သွားသည်။ အတန်းလစ်သည်။ လျှောက်သွားသည်။ Private university ဖြစ်တာကြောင့်အရာအားလုံးကပေါ့ပေါ့ပါးပါးပင်။ ကျောင်းပိတ်သည့်အခါတွင်သူဟာသူငယ်ချင်းတွေးနဲ့အချိန်ဖြုန်းသည်။
         သူ့ရှေ့ရှိ ပြက္ကဒိန်ကရက်စွဲကိုလှမ်းကြည့်တော့ 12 လပိုင်း 2019။ ဒီနေ့က new yearဖြစ်ပြီး သူ့မွေးနေ့လည်းဖြစ်သည်။ သူငယ်ချင်းနှင့်အတူတစ်နေကုန်လျှောက်လည်ပြီးနောက် သူငယ်ချင်းဖြစ်သူပေးသောမွေးနေ့လက်ဆောင်ဖြစ်သည့်စာအုပ်ကိုကိုင်ကာအိမ်ပြန်ခဲ့သည်။ သူက စုံထောက်ဝတ္ထုတွေကိုဖတ်ရတာနှစ်သက်သောလူငယ်တစ်ယောက်ပင်။ သို့သော် သူ့သူငယ်ချင်းလက်ဆောင်ပေးသောစာအုပ်ကို သူထိုင်ဖတ်နေသည်မှာ သုံးနာရီကျော်ကြာပြီဖြစ်ပြီး သူဖတ်ဖူးသမျှထဲတွင် ကျေးဇူးပြုပြီးစာမဖတ်တတ်ပါစေနဲ့တော့ဟု ဆုတောင်းလောက်ရအောင်ပင် ဆိုးရွားစုတ်ပြတ်နေသည်။
သို့သော်ဤစာအုပ်က စုံထောက်ကြီးရှားလော့ဟုမ်းတို့ကို ဟာသအနေနဲ့ပြောင်ကာထုတ်ထားသောကြောင့်သူဘာမှမပြောချင်တော့ပေ။ စာရေးဆရာကို မြက်စားပြီးကြီးလာတာလားဟုသာသူမေးချင်တော့သည်။
စာအုပ်မှာ "စုံထောက်ကြီးကျားပျော့လုံးနဲ့ နှင်းဆီပဟေဠိ" ဟုအမည်ရပြီး စုံထောက်ကြီးကထုံးစံအတိုင်းအဓိကဇာတ်ကောင်ပင်။ နှင်းဆီနီ ဆိုသောကောင်မလေး၏ဖခင်သူဌေးကြီးဦးချမ်းသာ ရုတ်တရက်အသတ်ခံရရာမှအစပြုသည်။ နှင်းဆီနီဟာ အမျိုးသားတိုင်းဆွတ်ယူချင်သည့် ကောင်မလေးဖြစ်သည့်အတွက် သူ့ကိုကူညီပေးသူတွေပတ်လည်ဝိုင်းနေသည်။ သို့သော် အလှည့်အပြောင်းတွေကြားက နှင်းဆီဟာလူသတ်တရားခံဟုထွက်လာသည်အခါ စာဖတ်သူတွေထဲက တစ်ယောက်ဟာ အင်တာနက်စာမျက်နှာမှာ ရှေ့သို့ထွက်လာခဲ့သည်။
"င*မ စာရေးဆရာ ငါ့ကောင်မလေးကို ီးပဲ" ဟုဆိုကာ ထောက်ခံသူတပ်သားများဖြင့် စာရေးဆရာကို ဘလိန်းခြင်းလုပ်ငန်းစဉ်စတင်ခဲ့သည်။
သို့သော်ထိုအရာများက သူ့အတွက်အရေးမပါချေ။ သူကူးပြောင်းမသွားခင်အထိပေါ့။ သူညနေခင်းတွင် စာဖတ်အပြီး စားပွဲမှအထ သူ၏ခြေသန်းဟာ ခုံစောင်းနဲ့တိုက်မိသွားခဲ့သည်။  သူနာကျင်လွန်းလှသဖြင့် ကျန်တစ်ဖက်ဖြင့်ခုန်အထွက် သူဆော့နေကျ legoရုပ်လေးကိုတက်နင်းမိတော့သည်။ နှစ်ဖက်လုံးမှာ ကံဆိုးမှုနှစ်ခုကြောင့်သေချာမရပ်နိုင်တော့ဘဲ ခြေချော်အကျသူ၏ခေါင်းဟာကြမ်းပြင်နှင့်ဆောင့်မိပြီးသတိလစ်သွားတော့သည်။
သူသတိရလာချိန်တွင်သူဟာ ဝတ္ထုထဲရောက်နေပြီဖြစ်သည်။ နောက်ထပ်ဆိုးရွားတဲ့အရာကတော့ စာမျက်နှာသုံးမျက်နှာစာလောက်ပဲပါလိုက်ရပြီး ငှက်ဖျားဖြင့် နတ်ပြည်ကိုတက်လှမ်းမည့် နှင်းဆီရဲ့ သူငယ်ချင်းကောင်လေး ကိုယ်ထဲရောက်နေတာဖြစ်သည်။
သူကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည်။
"ီးပဲ"
သူဟာ ဝတ္ထုထဲက ရှေ့နေကောင်လေး ရှန်းသာအဖြစ်သို့ရောက်ရှိသွားခဲ့သည်။ ရှန်းသာရဲ့မှတ်ဉာဏ်တွေကိုလက်ခံရရှိခဲ့သည်။ 90%လောက်ကနှင်းဆီနီကနေရာယူထားပြီး သူမကတကယ်ကိုကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ပင်။ ဝတ္ထုထဲမှာရှန်းသာနဲ့နှင်းဆီတို့က ပဋိပက္ခဖြစ်ခဲ့ကြသည်။ နှင်းဆီက သူ့အဖေသေဆုံးချိန်မှာရှိနေခဲ့သည့် အိမ်စေဦးလေးကို တရားစွဲဆိုရာတွင် ရှန်းသာကဦးလေးဘက်မှရပ်တည်ခဲ့သည်။ သူတို့ငယ်ငယ်ထဲကရှိခဲ့သည့်ဦးလေးမှာအပြစ်မရှိဟု ဆိုကာ နှင်းဆီနဲ့ရန်ဖြစ်ကြသည်။ နောက်ဆုံးတော့ အသက် 67အရွယ်ဦးလေးဟာဖိအားကြောင့်ဆုံးပါးသွားခဲ့ပြီး သူဟာအမှန်ကိုတရားခံမဟုတ်ခဲ့ပေ။ နှင်းဆီကတောင်းပန်ဖို့လိုက်ရှာချိန်တွင် ရှန်းသာဟာ ရှမ်းပြည်ကိုထွက်ခွာသွားပြီးဖြစ်ပြီး မကြာခင်ပင် ငှက်ဖျားနှင့်ဆုံးပါးခဲ့သည်။ ထိုဇာတ်ကွက်ကနှင်းဆီအပေါ်သက်ရောက်မှုပြင်းခဲ့ပြီး ကြင်နာပြီးပြုံးပျော်နေတတ်တဲ့နှင်းဆီဟာ အေးစက်တဲ့နှင်းဆီအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
သူကျန်တာကိုဂရုမစိုက်ပေ။ အဓိကက သူ big bossနှင်းဆီနဲ့ပြဿနာတက်ပြီး ရှမ်းပြည်လစ်ကာ မြန်မြန်ကြွမည့်ဇာတ်ကွက်ကိုဖြတ်ထုတ်ဖို့ပင်။ မူရင်းရှန်းသာဟာ ဦးလေးမှာအပြစ်မရှိကြောင်းပြဖို့ပဲကြိုးစားခဲ့ပေမယ့် သူကတော့ နှင်းဆီကိုနားချဖို့ကိုရွေးချယ်သည်။ နှင်းဆီသာ စိတ်ပြေသွားခဲ့ရင် ဦးလေးကိုအလွတ်ပေးလောက်သည်။

Transmigrator Is Too Tired To Do This ShitWhere stories live. Discover now