"သားပြန်လာပြီလား"
"အမေ....ကွေကာနဲ့ကန်တော့....အွတ်"
ရှန်းသာ၏နေ့စဉ်ဘဝထဲကတစ်ခုမှာ မိဘများကိုစခြင်းပင်။ 21ရာစုကအကျင့်ကဝတ္ထုထဲထိပါလာခဲ့သည်ပင်။ မူလရှန်းသာမှာ အနေအေးသော်လည်း သူ၏မိဘများကပြောင်းလဲသွားမှုကိုသတိမထားမိဘူးလားလို့ မေးခွန်းထုတ်မိဖူးသည်။ သို့သော်သူတို့က သူတို့သားလေး ပိုပြီးအသက်ဝင်လာတာ ဝမ်းသာနေပုံရသည်။ သူမူရင်းရှန်းသာအတွက် သက်ပြင်းတစ်ချက်မှုတ်သည်။ သို့သော်သူနှင့်မဆိုင်ပါပေ။
သူ သူ့အမေပစ်လိုက်သောခေါင်းအံုးကိုကောက်ကာခုံပေါ်တင်လိုက်သည်။
"ပင်ပန်းလာပြီလား"
"နည်းနည်း"
တရားခွင်ကဒီလိုပါပဲ။ မင်းအဖေဆို ပထမဆုံးအမှုလိုက်တုန်းက တရားခွင်ထဲမှာသေးပေါက်ချတာ။ တစ်ဖက်က သတင်းစာဖတ်နေသော ဦးလေးကြီးကခေါင်းမော့ကြည့်လာသည်။
"မိန်းမရာ"
ရှန်းသာက ဥပဒေမျိုးရိုးကဆင်းသက်သာသူဖြစ်သည်။ ရှန်းသာ၏ ဖခင်မှာ ဦးမြင့်မောင်ဖြစ်ပြီး သူ့အဘိုး၏ကူညီမှုမပါဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ဥပဒေလောကတွင်ရပ်တည်ခဲ့သူဖြစ်သည်။ ဦးမြင့်မောင်မှာ အောင်မြင်မှုအတော်အသင့်ရရှိပြီးနောက် ဥပဒေလောကထဲက နောက်ထပ်ကြယ်ပွင့်ဖြစ်သည့် သူ့အမေ ဒေါ်ကြယ်စင်ဖြင့်လက်ထပ်ခဲ့သည်။
သူတို့မိသားစုက အဆင်ပြေပြေနှင့် နွေးထွေးလှသည်။ အကယ်၍သာ နှင်းဆီနဲ့ရန်မဖြစ်ခဲ့ဘူးဆိုရင် သူဒီလောကကစောစောထွက်သွားစရာအကြောင်းမရှိပေ။ မူရင်းဝတ္ထုတွင်ရှန်းသာ၏မိဘများ ဘယ်လောက်တောင်ရင်ကျိုးခဲ့ပါမည်နည်း။ သူ သူ၏ တကယ့်မိသားစုနှင့်ယှဉ်ကြည့်မိသည်။ သူ၏မူလကမ္ဘာမှမိသားစုမှာ မိသားစုဟု၍ပင်ခေါ်၍မရပါပေ။ သူဆက်မစဉ်းစားတော့။"အော် ဒါနဲ့နှင်းဆီတို့ အပေါ်မှာရောက်နေပြီ သားအခန်းထဲမှာ"
သူသွေးဆောင့်တက်သွားသလိုခံစားရသည်။ သူကရှန်းသာ၏ကိုယ်ထဲရောက်နေပါသော်လည်း သူသည်၂၁ရာစုကကောင်လေးတစ်ယောက်ပင်။ ဝတ်ပြီးသားများကိုချွတ်ကာ အခန်းထဲတွင်ပွစလောင်းလန်အောင်ထားသည့်အကျင့်မှာမပျောက်ပေ။ နှင်းဆီက သူ၏ငယ်သူငယ်ချင်းဖြစ်သည့်အလျောက် သူ့အခန်းထဲကို ဝင်ချင်တိုင်းဝင်တတ်သည်ပင်။ နှင်းဆီတစ်ယောက်ထဲဆိုကိစ္စမရှိ။ သူ့အမေပါရင်တော့ကိစ္စရှိသွားပြီ။ သူငယ်ချင်းအမေရှေ့မှာလူကောင်းလေးလုပ်ထားတာ သိက္ခာကုန်ပါပြီ။