အခန်းတစ် ( Unicode)

456 36 52
                                    

Disclaimer : fiction တစ်ခု ဖန်တီးထားတာဖြစ်တာမလို့ fiction တစ်ပုဒ်အနေနဲ့သာ ခံစားဖတ်ရှုပေးပါရန် !!!


ခပ်ကြီးကြီးCavana ရှေ့မှာ အရုပ်တစ်ရုပ်လိုထိုင်နေတဲ့ကိုကိုနဲ့ ဆန့်ကျင်ဘက်ဆန်စွာ သူမကတော့ ပြာယာခက်လျက်..။
ကိုကိုဆိုသည်မှာလဲ အသက်ရှူနေလို့သာ သက်ရှိလူသာတစ်ယောက်မှန်းသိရသည်။ မဟုတ်ရင် ပြတိုက်ထဲက ပန်းပုရုပ်ထုတစ်ခုနှယ် မလှုပ်မရှက်။
သေချာပေါက် ကိုကိုဆိုတဲ့လူသားသာ ဘုရားသခင်ရဲ့ စိတ်ကြိုက် အချိန်ပေး‌ပြီးထုထွင်းထားတဲ့ ပန်းပုရုပ်ထုတစ်ခုနှယ် ချောမောလွန်းလှတယ်ဆိုတာ သူမဘယ်တော့မှ ငြင်းပယ်လို့မရမယ့် အမှန်တရားတစ်ခု..။

ခပ်မြင့်မြင့်နှာတံရယ် ဖန်ဂေါ်လီလုံးတစ်ခုလိုကြည်လင် ဝိုင်းစက်နေတဲ့ မျက်၀န်းညိုညိုတွေရယ် မထူမပါးသင့်လျော်တဲ့ မျက်ခုံးတွေရယ်ကိုမှ ဆေးသာမကူပဲ အချိန်တိုင်းရဲနေပါတဲ့ ချယ်ရီသီးရောင်နှုတ်ခမ်းတစ်စုံဟာ သူမကိုကို့ဆီကနေရုန်းမထွက်နိုင်ရတဲ့ အကြီးမားဆုံးအကြောင်းပြချက်တစ်ခု။
ပုံမှန်လိုဆို သူမ Cavana ရှေ့မှာ ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ် ငုတ်တုတ်မေ့နေတဲ့ ကိုကို့ကို ထိုင်ကြည့်နေမှာပေမယ့် ယခုတော့မဟုတ် ကျောင်းသားဟောင်းတွေ့ဆုံပွဲ ရှိတာမလို့ သူမ အပြင်သွားဖို့ပြင်ဆင်နေရသည်။

အခန်းတစ်ခုလုံးဟာလဲ သူမအ၀တ်အစားတွေရယ် ဆံပင်အခြောက်ခံစက်ရယ် ဖြောင့်စက်ရယ် ထို့အပြင် ရေချိုးတစ်ဘက်နှင့် အမျိုးမျိုးသော ပစ္စည်းတွေဟာ ပွစာကျဲလျက်။ ပုံမှန်ဆိုသူမဟာ ဒီလောက်ထိ ဖြစ်ကတတ်ဆန်းနေတတ်သူမျိုးမဟုတ်ပေမယ့် ဒီနေ့အဖို့တော့ သူမ,မတတ်နိုင် .။ ညစာစားပွဲက  ၇နာရီချိန်းထားသည်ကို အလုပ်ဆင်းတာနောက်ကျတာရယ် အပြန်ကားပိတ်တာရယ်နှင့် ယခုလက်ရှိနာရီလက်တံဟာ ၇:၅၀အတိကိုညွှန်ပြနေသည်မလို့ နောက်ကျတာထက်ပိုနေပြီဖြစ်သည်။

အကုန်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် လက်ဆွဲတော် စလင်းဘတ်အိတ်အညိုရောင်ကိုဆွဲကာ သူမသုတ်ခြေတင်ရသည်။ ကိုကိုပါးနုနုကို အနမ်းတစ်ပွင့်ခြွေရင်း  နှုတ်ဆက်ဖို့ကိုလဲ မမေ့မလျော့ပဲပေါ့။

Dilemma [OC FICTION]Where stories live. Discover now