"ဂျောင်း၀န် သတိထားပါဦး"
မျက်နှာအနှံ့မှာ ဒဏ်ရာဗလပွနဲ့ ဂျောင်း၀န်ကိုကြည့်ရင်းသူမရင်ဘတ်ထဲကအောင့်လာသည်။ ညအဆာပြေစားရန် မုန့်ဆင်း၀ယ်ဖို့ထွက်လာခဲ့တာမှန်တယ်လို့ သူမတွေးမိသည်။ မဟုတ်ရင် ဒီကလေးက လမ်းဘေးမှာမေ့လဲနေတော့မှာ အသေအချာ။
"ဂျောင်း၀န် ခေါ်တာကြားလားဟင်"
"မ..တကယ်ပဲ မ,လားဟင်"
သူမလက်တစ်ဖက်ကိုဆုတ်ကိုင်ကာ ပါးမှာအပ်ရင်းမေးလာတဲ့ဂျောင်း၀န်က မျက်ရည်တွေဝေ့ဝဲလာသည်။
"လွမ်းနေခဲ့တာ လွမ်းလွန်းလို့ ကျွန်တာ်ရူးသွားတော့မယ်တောင်ထင်တာ"
ပြောရင်းပြောရင်း မျက်ရည်တွေပါကျလာသည်မလို့ သူမစိုးရိမ်စိတ်က ပိုမြင့်တက်လာပြီဖြစ်သည်။ ဒါနဲ့ ဂျောင်း၀န်က သူမကိုဘာလို့လွမ်းရတာလဲ?
မဟုတ်မှဂျောင်း၀န်လဲ သူမလို..."ဂျောင်း၀န် မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ လက်တွေကလဲပေါက်ပြဲလို့ ဆေးအရင်ထည့်ရအောင်လေနော် လာ..ထ"
လဲကျနေတဲ့ ကိုယ်ကိုတွဲထူရင်း အနီးနားက ဆေးဆိုင်သို့ခေါ်သွားပြီး ဆိုင်ရှေ့မှာ ခဏစောင့်ခိုင်းနှင့်သည်။ ဆေးထည့်ပေးနေသည့် အချိန်မှာတောင် ဂျောင်း၀န်က ဘာမှမပြောပဲ သူမကို မျက်တောင်မခတ်ပဲ ကြည့်နေတာမလို့ မနေတတ်တော့...။လက်ကို ပတ်တီးစည်းပေးပြီးနောက်ဆေးထည့်ခြင်းလုပ်ငန်းကို အမြန်အဆုံးသတ်လိုက်သည်။
"ဆေးလဲထည့်ပြီးပြီဆိုတော့ တို့ပြန်တော့မယ်ဂျောင်း၀န် ဂျောင်း၀န်လဲ ပြန်တော့လေ နောက်ကျနေပြီ"
နှုတ်ဆက်စကားပြောသည်အထိ မလှုပ်မယှက်ကြည့်နေတဲ့ ဂျောင်း၀န်ကို သူမကျောခိုင်းကာ ထွက်လာခဲ့သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းလောက် လှမ်းအပြီး သူမကို တစ်စုံတစ်ယောက်က ပွေ့ဖက်ထားသည်မလို့ ရှေ့မဆက်နိုင်တော့...။
"ကျွန်တော့်ကို မထားခဲ့ပါနဲ့လား ကျွန်တော် မကို.."
ဂျောင်း၀န်စကားရဲ့ ဦးတည်ချက်ကို သူမသိတာမလို့ ဖက်ထားတဲ့လက်တွေကို ဖြုတ်ချရင်း စကားစဖြတ်ဖို့လုပ်လိုက်ရသည်။ မဟုတ်ရင် နှစ်ယောက်လုံးခြေလှမ်းမှားကြတော့မယ်ဆိုတာသိတာမလို့။