အပိုင်း(၃)

160 16 0
                                    

Unicode

လွန်းခမ်းထည်ဝါသည် ပြောခဲ့သည့်အတိုင်းပင် သူ့ကိုခုံမှာပင်ထိုင်စေပြီး ထမင်းချိုင့်ကိုဖွင့်နေသည်။

အရှေ့မှာထိုင်နေသည့် ခွန်းသာယံသည် ရှင်းခက်ရှိန်မလာသည်ကြောင့် နောက်လှည့်ကြည့်မိတော့ ကျောင်းသားသစ်ဟာ ရှင်းခက်ရှိန်ရှေ့ ထမင်းဘူးကိုတိုးပေးလိုက်တာတွေ့လိုက်ရသည်။

ခွန်းသာယံသည် သူယူလာသည့်ထမင်းဘူးကိုတစ်လှည့် ရှင်းခက်ရှိန်ကိုတစ်လှည့်ကြည့်ကာ နောက်ဆုံးမှာတော့ ကိုယ့်ဟာကိုယ်သာစားလိုက်တော့သည်။

ရှင်းခက်ရှိန်သည် သူ့ရှေ့ကထမင်းဘူးကိုကြည့်ပြီး ခွန်းသာယံက သူ့ကိုလာခေါ်ဖို့မျှော်လင့်သည်။

သူက လွန်းခမ်းထည်ဝါဆီက ထမင်းကိုယူစားရလောက်အောင် သူတို့နှစ်ယောက်ကမရင်းနှီးပေ။ ပြီးတော့ သူ သူစိမ်းဆီကနေ ဘယ်လိုအရာမျိုးကိုမှလက်မခံတတ်ပေ။ ထို့ကြောင့် သူမစားပဲ ကြောင်ပြီးတော့သာကြည့်နေမိသည်။

"ရှင်း စားလေ"

လွန်းခမ်းထည်ဝါက သူ့လက်ထဲဇွန်းထည့်ပေးလာကာ ဆိုသည်။

သူငြင်းဆိုလိုက်ချင်ပေမယ့် လွန်းခမ်းထည်ဝါရဲ့ မီးခိုးရောင်မျက်ဝန်းများသည် တလက်လက်တောက်ပနေသလိုခံစားနေရသည်။

ရှင်းခက်ရှိန်သည် စိတ်ချမ်းသာအောင် နည်းနည်းပါးပါးလောက်တော့စားလိုက်မည်ဟုဆုံးဖြတ်ကာ ဇွန်းနှင်တစ်လုတ်စာခပ်လိုက်ပေမယ့် သူတကယ်မစားနိုင်ပေ။ ထို့ကြောင့် ဇွန်းအားချလိုက်ကာ...

"ဆောရီး ကျွန်တော်မစားနိုင်ဘူး"

လွန်းခမ်းထည်ဝါသည် စိတ်မကောင်းဖြစ်သွားဟန် မျက်နှာညိုးကျသွားပေမယ့် သူ့ကိုအတင်းမတိုက်တွန်းပေ။ ထမင်းဘူးအား ပြန်ယူကာသိမ်းလိုက်သည်။

ရှင်းခက်ရှိန်သည် ဘယ်လိုစကားကိုဆိုပေးရမလဲမသိတာကြောင့် ထိုနေရာမှထကာ ခွန်းသာယံဆီသို့သာလာလိုက်သည်။

ခွန်းသာယံဆီသို့ရောက်သည့်အခါ သူငယ်ချင်းလေးက သူ့အတွက်ယူလာခိုင်းသည့် ထမင်းဘူးကို တစ်ဝက်ကျိုးအောင်ပင်စားပြီးနေပြီဖြစ်သည်။

My Heart Is YouWhere stories live. Discover now