" ရွာတော်အရှင်သခင်ကို တင်ပါတယ် မြှောက်ပါတယ်တော်.... မလိုက်ပါ စလိုက်ပါတော့်.... ခုနှစ်ရက်သားသမီး ဘေးဘယာ ဝေးကွာလို့ စီးပွားလာဘ်လာဘတွေ တိုးများအောင် စောင်မပေးတော်မူပါ .... လက်ဖက် ကွမ်း ဆေးများနဲ့ ပူဇော်ပသပါတယ် အရှင် "
ဖက်ရွက်ပေါ်မှ ပဲဆီဝေ့နေသော လက်ဖက်တွေဟာ နှမ်းဖြူဖြူ အပေါ်ယံကဖြူးထားသဖြင့် အမြင်နှင့်တင် သေချာပြင်ဆင်ထားမှန်းသိရပေသည်။ အရေတွန့်နေပြီဖြစ်သော လက်အစုံဟာ ဖက်ရွက်ကို ပင့်မြှောက်လို့ထားပေသည်။ ထုံးထားသည့် ဆံထုံးအပါအဝင် ခေါင်းတစ်ခုလုံးဖြူဆွတ်နေပြီဖြစ်သော အဘွားအိုဟာ သစ်ပင်အုံအုံ့ဆိုင်းဆိုင်းအောက်တွင်ထိုင်ကာ ယိုင်နဲ့နဲ့နတ်စင်အိုရှေ့တွင် ပူဇော်ပသနေခဲ့သည်။
" မြေးငယ်ရေ.... ရွာတော်အရှင်ကို နတ်ချင်းလေးနဲ့ ချော့လိုက်ပါဦးလားကွယ် "
အဘွားအို၏ခိုင်းစေချက်ဟာ သူမ၏နံဘေးတွင်ငြိမ်သက်စွာ ထိုင်နေလေသော ကောင်ငယ်လေးတစ်ယောက်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ပိန်ပိန်သွယ်သွယ်ကောင်လေးဟာ ရုတ်တရက်ကြည့်လျှင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟုပင်ထင်ရပေသည်။ ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံဟာ မဝံ့မရဲ ချထားသောမျက်လွှာနှင့်ဖုံးကွယ်နေကာမျက်လုံး၏ အလှအပကမပေါ်လွင်တော့ချေ။ အခြားယောကျ်ားပျိုများကဲ့သို ေယာင်ထုံး မထုံးပါဘဲ ဖြေချထားသော ဆံပင်ရှည်ကြောင့် မိန်းကလေးဟု ပြောလျှင် ယုံကြပေမည်။ လည်ပင်းမှ အာဒံပန်းသီးကြောင့်သာ ယောကျ်ားလေးတစ်ယောက်မှန်း မုချသိရတော့သည်။
ထိုကောင်ငယ်လေးဟာ အဖြူ အနီ ပဝါစ အတိုကို ဆံပင်တွင် စုချည်ထားခဲ့ပြီး လက်ထဲတွင်လည်း သပြေခက် နှစ်စည်းကို ကိုင်ထားခဲ့လေသည်။ အဘွားအို၏ စကားကြောင့် သပြေခက် ကို လက်နှစ်ဖက်စီတွင်ကိုင်ကာ နတ်စင်အိုရှေ့တွင် မတ်တပ်ရပ်လိုက်လေသည်။ အသံပြောင်းစမို့ ရှတတဖြစ်နေလေသော အသံဟာ နတ်ချင်းတစ်ခုကို ဆိုလိုက်စဥ်မှာတော့ သာယာနာပျော်ဖွယ်ဖြစ်လို့နေခဲ့သည်။
" လေးလုံးခွင်းတဲ့ မြင်းဖြူရှင်... ခွာလေးဘက် စိန်စီလို့.... ဟန်ချီတဲ့ နတ်မြင်း....... ရန်သူကိုဖြိုခွင်း...... "
YOU ARE READING
ဘုံဝေယံ စံမြန်းပါလို့
Fantasyကိုလိုနီခေတ် တောပုန်းဓားပြ ခေါင်းဆောင် နဲ့ နတ်ကိုးကွယ်သူ ကောင်ငယ်လေး တစ်ယောက် ရွာတော်အရှင်ဟာ ပူဇော်ပသ သူတွေကို စောင်မမြဲပါ