နယ်

1.3K 123 55
                                    

နွေဦးဆိုတော့  ရွက်ဝါတွေကအများကြီးကြွေကျနေတာပဲ ရာသီဥတုကလည်းလွမ်းစရာကောင်းအောင် အုံ့မှိုင်းပေးနေတယ် ။ မောင်မရှိတဲ့ငရဲလိုရက်တွေမှာ သူရှင်လျက်နဲ့သေနေခဲ့ရတာ တစ်နှစ်ပြည့် ၊ မြင်မြင်သမျှက လွမ်းစရာပဲမဟုတ်လား။ မောင်မရှိပဲ သူဒီလောက်ထိအသက်ရှင်နေထိုင်နိုင်နေတာအံ့ဩစရာပဲ ။ 

သူထင်ခဲ့တာက မောင်သာမရှိတော့ရင် မောင်ထားခဲ့ရင် သူလည်းမောင့်နောက်ကိုရအောင်လိုက်သွားမိမယ်ပေါ့ ။ သူတကယ်အထင်မှားသွားခဲ့တာပဲ  တကယ်က မောင်နဲ့အတူ သူကသေဆုံးသွားခဲ့တာ ၊ သူကဘယ်တုန်းကမှမောင်နဲ့မခွဲခွာခဲ့ပါဘူး  မောင်မရှိကတည်းက သူလည်းမရှိတော့တာ....

သူအခုဟန်မြစ်ဘေးက လူရှင်းတဲ့နေရာလေးမှာလာထိုင်နေတာ ၊ မောင့်ကိုလွမ်းတိုင်း အထိန်းအမှတ်နေ့တွေတိုင်း ဒီနေရာကိုပဲလာဖြစ်တယ်။ မောင်က ရက်စက်လွန်းပါတယ် ၊ သူသတိရလာတဲ့အချိန်မှာ မောင်ဆုံးပြီးတစ်လကြာမှဖြစ်သည့်အတွက် မောင့်ရဲ့နောက်ဆုံးအချိန် နောက်ဆုံးခရီး ဘာကိုမှသူမမှီလိုက်တဲ့အပြင် မောင်နဲ့ပတ်သတ်တဲ့ ဘာအမှတ်တရပစ္စည်းကိုမှမချန်ထားစေခဲ့ပါဘူးတဲ့လေ ၊ သူသတိရတိုင်းသွားငိုနေမှာစိုးလို့ အုတ်ဂူလည်းအသွင်းမခံခဲ့သလို အရိုးပြာအိုးကိုတောင်မှ ဟန်မြစ်မှာပဲတခါတည်းမြောပေးလိုက်ဖို့ မောင်ကနောက်ဆုံးတောင်းဆိုသွားခဲ့တယ်ဆိုပဲ ။ သူ့မှာမောင့်ကိုလွမ်းလို့တောင် ဘယ်သွားငိုလို့ငိုရမှန်းမသိ အမှတ်တရပန်းစည်းလေးသွားပို့ဖို့ သတိရတိုင်းသန့်ရှင်းရေးလေးသွားလုပ်ပေးဖို့တောင် အခွင့်အရေးမရှိ။ မောင်ဟာ တသက်လုံးအရှုံးပေးခဲ့ရသမျှအတွက်များ အနိုင်နဲ့ပိုင်းသွားခဲ့လေသလား...

သူမောင့်နောက်ကိုလိုက်သွားဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ ၊ မောင်က သူ့ကိုစိတ်ချလက်ချထားသွားခဲ့တယ်ထင်ပါရဲ့  အိပ်မက်ထဲမှာတောင် တစ်ကြိမ်တစ်ခါမှပေါ်မလာခဲ့။ ထင်ယောင်ထင်မှားလေးပဲဖြစ်ဖြစ်မြင်ရဖို့ ညဘက်တွေမှာ သူမအိပ်ပဲ ခြံထဲကိုထွက်စောင့်နေခဲ့ပေမယ့်လည်းပေါ်မလာ ၊သူလက်လျှော့လိုက်တာတော့မဟုတ်ဘူး အခုသူက ပေးဆပ်နေတာ မောင့်တာဝန်တွေကို သူအပြည့်အဝလွှဲပြောင်းယူပေးထားတာ ၊ မောင်စိတ်ဆိုးပြေအောင်ပေါ့ ...

ရန်ပွဲစားလေးမောင့်ပူတူး(complete)Where stories live. Discover now