အပိုင်း[၁]

348 72 13
                                    




"သွားကြိုရမယ် "ဆိုတဲ့ မေမေရဲ့ စကားတစ်ခွန်းကြောင့်သာ လေဆိပ်ရောက်လာရတယ်
စိတ်က နည်းနည်းမှ မပါ... ။
ဦးလေးဖြစ်သူက စိတ်လိုလက်ရထိုင်စောင့်နေပေမယ့်
ဂျီမင်'ကတော့ နည်းနည်းမှ စိတ်ပါဝင်စားမှုရှိမနေပါ

စောင့်နေရမှ ပိုကြာတယ်လို့ ထင်မိသည်။
အချိန်တွေဟာ လေးတွဲနှေးကွေးစွာနဲ့ .....

လေဆိပ်ထဲမှာ စီးကရက်ကလည်း သောက်လို့မရ
တကယ်ပျင်းသည်။ လုပ်စရာ ဘာမှ မရှိ

"လေးလေး သား ကားထဲကပဲ စောင့်နေတော့မယ်လေ ..
လေယာဉ်ကနည်းနည်း ကြာအုန်းမယ် ထင်တယ်"

စိတ်မရှည်သလို မအောင့်အီးနိုင် ' မင် ' ထုတ်ပြောတော့
ဦးလေးက ပြုံးသည်။
မင့် 'ခေါင်းကို လာပုတ်ရင်း မရဘူးလို့ ပြောသေးသည်။

" မမက မှာလိုက်တယ် ...  သားကိုယ်တိုင်
ကိုကို့ကို ကြိုရမယ်လို့ ... ကားထဲက ပြီးရင်
ထိုင်လို့ရတာပဲဟာ "

စကားကို ကတ်သတ်ပြောတတ်တဲ့ လေးလေးရဲ့
အကျင့်က ဂျွန်ဂျောင်ကုနဲ့ သွားဆင်သည်
ကားထဲမှာ ထိုင်လို့ရတာတော့ သိတာပေါ့
မစောင့်ချင်တော့လို့ ပြောတာကို ...
ကတ်သီးကတ်သတ်ရယ် ...

"ခဏပါပဲ .. သား .. မိနစ်၂၀လောက်ပဲ စောင့်ရတော့မှာ"

" စိတ်မရှည်ဘူး လေးလေးရဲ့ .... "

" အေး အေး ... လေးလေးကို အဖော်စောင့်ပေးတယ်လို့သာ သဘောထားလိုက် ... "

မင်' စိတ်ပျက်သွားသည် ။စောဒကလည်း တက်မရ
လေးလေးရဲ့ စိတ်ရှည်လက်ရှည် ချော့ပြောမဲ့ မျက်နှာကိုလည်း ဆက်မကြည့်ချင်တော့တာမို့ ..
ခုံကိုမှီပြီး မျက်လုံးတွေသာ မှိတ်ထားလိုက်သည်။

လေးလေးက သူ့ကို မင့်' ထပ်ပ်ိုချစ်တာ သိတာပေါ့။
ဂျွန်ဂျောင်ကု ... ။
ငယ်ငယ်ကတော့ အုန်းသီးလုံးကေနဲ့ သိပ်ဆရာကြီး
လုပ်တတ်တဲ့သူ ။
အခုတော့ ဘယ်လိုပုံစံလည်း မပြောတတ်။

You've reached the end of published parts.

⏰ Last updated: Aug 08 ⏰

Add this story to your Library to get notified about new parts!

"Will You Remember Me"Where stories live. Discover now