Uni
ထယ်ယောင်းအခုတလောမောင်နဲ့စကားမများရတဲ့အပြင်မောင်ကဂရုတစိုက်လေးထယ်ကိုဆက်ဆံပေးပီးအစားအသောက်ပါမောင်ကိုယ်တိုင်စီစဉ္ပေးနေ၍စိတ်ချမ်းတေသာရသည်။
သုံးလအတွင်း၀င်လာသည့်ဗိုက်လေးကလဲတစ်ဖြေး'ပူလာပီးထယ်ကလဲအရင်ကထက်မျက်နှာလေးပိုပြည့်လာရသည်။
ဗိုက်လေးကိစ္စနဲ့ပက်သတ်ပီးဘာမှမပြောလာတော့တာကြောင့်မောင်ကလက်ခံလိုက်ပီးထင်ပါ့အရင်ကထက်အလျော့ပေးအလိုလိုက်လာသည့်မောင်ကြောင့်ထယ်ကမောင်အပေါ်ဆိုးလာမိသည်။
အိမ်ထဲကြီးနေတာငြီးငွေ့လာတာကြောင့်ဒီနေ့တော့အပြင်ထွက်ဖို့ပူဆာရမည်ကိုယ်၀န်လေးရလာလို့လားမောင်ကဘဲအလျော့ပေးလာတာကြောင့်လားတော့မသိထယ်မောင်ကိုပိုချွဲရပိုကပ်ရတာသဘောကျလာရသည်။
ညဘက်ဆိုလဲမောင်ရင်ခွင်ထဲထည့်အိပ်မှအိပ်တက်တော့တာအမှန်ပင်ထယ်အိပ်ပျော်ပီးအထင်နဲ့ညတိုင်းဗိုက်လေးကိုခပ်'ဖွအမြဲလာပွတ်သတ်ပီးစကားပြောတက်တဲ့မောင်စကားကိုခိုးနားထောင်ရတာလဲထယ်သိပ်သဘောကျရပြန်သည်။
အိမ်အောက်ထပ်မာမောင်ကိုလိုက်ရှာတာမတွေ့တော့အိမ်ပေါ်ဘက်သို့တက်ရင်း
"မောင်ရေ.မောင်"
မျက်ကြောတေကိုကျုံထားပီးဖုန်းပြောနေသည့်မောင်ကထယ်ခေါ်သံလဲကြားပုံမပေါ်မရည်ရွယ်ဘဲမောင်ဖုန်းပြောသည်ကိုနားထောင်မိသွားသည်
"ကိုယ်၀န်ကိုဖျတ်ချဖို့က.."
ထယ်နှလုံးခုန်သံတေရပ်သွားသလိုဘဲအခုထယ်များနားကြားမှားနေတာများလားဆက်ပြောသည့်စကားများကိုမကြားတော့နားပင်အူလာရသည်ဒီနေရာမာလဲဆက်ရပ်တည်ဖို့သူအင်အားမရှိတော့ပေ။
အခုတလောထယ်အပေါ်မောင်ကောင်းနေတာကနောက်ကွယ်မာဒါတေစီစဉ္နေတာလားထယ်ထင်နေသလိုမဟုဘူးပေါ့မောင်ပြောင်းလဲပီးထင်နေတာတကယ်တော့မောင်ကသိပ်ဟန်ဆောင်ကောင်းတာဘဲထယ်မောင်ရှိသည့်အရပ်မာပင်မနေချင်တော့တာကြောင့်အိမ်ထဲကအမြန်ပြင်ပြေးထွက်မိသည်။
ဂျောင်ဂုပြောသည့်နောက်ဆက်တွဲစကားကိုကြားရင်ထယ်အခုလိုထွက်ပြေးမာမဟုပေ။