Mayor Wang's

1K 63 0
                                    

Unicode

Xing Fu Flowers House

အလွန်သဘောကောင်းပြီးရယ်လိုက်ရင်ယုန်သွားခပ်ကြီးကြီးလေးနှစ်ခုပေါ်လာတတ်တဲ့အကိုကြီးရှောင်းဟာထိုXing Fu ပန်းဆိုင်လေးရဲ့ပိုင်ရှင်။

လူတိုင်းအပေါ်တန်းတူညီမျှစွာဆက်ဆံတတ်ပြီးအားနည်းသူအပေါ်ကူညီပေးလို့သနားကြင်နာတတ်တဲ့အကိုကြီးတစ်ယောက်ဟာမိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်။

ဒါပေမယ့်သူ့မှာ ကလေးနှစ်ယောက်ရှိပြီးအဲ့ဒီ့ကလေးနှစ်ယောက်ရဲ့အမေဟာဘယ်သူလဲဆိုတာကိုတော့ဘယ်သူမှမသိကြပေ။

အကိုကြီးရှောင်းတို့သားဖသုံးယောက်ဟာလွန်ခဲ့တဲ့၃နှစ်ကဒီမြို့ငယ်လေးကိုရောက်လာခဲ့တာဖြစ်ပြီးအခုချိန်မှာတော့မြို့ငယ်လေးတစ်ခုလုံးမှာမသိသူမရှိအောင်သဘောကောင်းမနောကောင်းအရမ်းချောတဲ့အကိုကြီးတစ်ယောက်။

ကလေးနှစ်ယောက်အဖေဖြစ်ပေမယ့်လည်းချောမောလှတဲ့ရုပ်ရည်လေးနဲ့စိတ်ထားလေးကြောင့်နေ့စဉ်လာရောက်ပိုးပန်းကြတဲ့မိန်းကလေးငယ်တွေရှိသလိုတစ်ခါတစ်ရံလူငယ်လေးတွေပါ ပါတတ်ပါသေးသည်။

အကိုကြီးရှောင်းရဲ့နာမည်က ရှောင်းဆ တဲ့။

ကလင် ကလင်

ရှောင်းကျန့် တစ်ယောက်ပန်းတွေကိုအလှပန်းအိုးထဲမှာထိုးနေမိတုန်းမှာဘဲဆိုင်ဝကနေကြားလိုက်ရတဲ့အသံကြောင့်ကြည့်လိုက်မိတော့အမြဲလာဝယ်နေကြ‌ကောင်မလေးတွေဖြစ်တာကြောင့်သူအပြုံးတစ်ခုကိုနှုတ်ခမ်းထက်တပ်ဆင်လိုက်ကာနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါဗျာ ဒီနေ့ရောဘာပန်းအမျိုးအစားလိုချင်ပါသလဲဗျ"

"ဟီး..အကိုရှောင်းဒီနေ့တော့လေနှင်းဆီအနီလေးတွေဘဲထည့်ပေးပါ...."

"ဟုတ်ပါပြီဗျာ..အဲ့ဒါဆိုဟိုဘက်ကထိုင်ခုံလေးတွေမှာခဏလောက်ထိုင်စောင့်ပေးပါ အကိုအဆင်သင့်ဖြစ်ရင်ပြောပေးမယ်"

"ဟုတ် အကိုရှောင်းအေးအေးဆေးဆေးအချိန်ယူပြီးလုပ်ပါဗျ"

"ဟုတ်ပါပြီဗျာ"

ပြောပြီးတာနဲ့ထိုင်ခုံတွေမှာသွားထိုင်နေပြီဖြစ်တဲ့အမျိုးသမီးလေးနှစ်ယောက်ကြောင့်သူလည်းပန်းကိုပြင်ဆင်ပေးနေလိုက်သည်။

Mayor Wang's (One Short)Where stories live. Discover now