Part 1

10 2 0
                                    

ပထမဆုံး ရေးတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပါရှင့်
ထောက်ပြနိုင်ပါတယ်နော်

Happy Birthday to you...
Happy Birthday to you...
Happy Birthday dear လမင်းထိန်ထိန်သာ...

"ကောင်းမြတ် ငါ့ကို လမင်းထိန်ထိန်သာလို့ မခေါ်နဲ့လို့"

"Moon လို့ခေါ် လို့ခေါ် အဲ့လို မခေါ်ချင်လည်း
လမင်းထိန် လို့ခေါ်ပါဆိုကွာ သေချင်တာလား"

"ကြည့်ပါဦး မွေးနေ့ရှင်က ဆဲတယ်။ မေမေချို ရေ ဒီမှာ လမင်းထိန်ထိန်သာက မွေးနေ့မှာ ဆဲနေတယ်ဗျို့"

"မေမေကဖြင့် အောက်မှာ မွေးနေ့လာတဲ့သူတွေကို
ဧည့်ခံနေတာ ကြားဖြင့် မကြားပဲနဲ့။ မွေးနေ့ကိတ် လည်း ညမှခွဲရတယ်"
"နေပါဦး ကောင်းမြတ် မင်း တစ်မနက်လုံး မအားရအောင် ဘာလုပ်နေလို့လဲ"။

"ကိုမင်းသစ်တို့နဲ့ ဆိုင်ကယ်သွားကြည့် နေတာပါဗျ ကိုလမင်းထိန် ခဗျ"

"ဆိုင်ကယ်တွေက အသစ်ရာက်တာ ယူထားပြီး
နည်းနည်း အင်ဂျင်မြှင့်ပြီး စျေးကောင်းရရင်
ပြန်ရောင်းရအောင်လို့"

"အင်း အင်း ငယ်ငယ်ရွယ်ရွယ်နဲ့ စည်းပွါးရေး
သောင်းကျန်း နေတာ"

"မေမေ နန်းဝါ က ငါ့တို့သူဌေးသားလေး ကို မုန့်ဖိုး
များများမပေးလို့လား ဒါမှမဟုတ် သကြားဖေဖေ
လုပ်မလို့လား"

"မဟုတ်ပါဘူး ကိုယ်ကဆိုင်ကယ် တွေစိတ်ဝင်စားလို့
သကြားဖေဖေ လုပ်စရာဆိုလို့ ခများလေးပဲရှိတယ်။
အားနေ သူဌေးသားလေး ဆိုပြီး ဝယ်ခိုင်းနေတာ"။

လမင်းထိန်က ကျွန်တော့်ထက် ၁ နှစ်တိတိကြီးတဲ့ အပိုကြီး လေး။ ၁ နှစ်သာကြီးတာ လူကောင်က ကျွန်တော်နဲ့ယှဉ်ရင် it ပဲ။ လူကောင်က ပိန်ပိန်လေးနဲ့ စာလေးတော်ပြီး ချစ်စရာကောင်းနေတာလေး။ နာမည်နဲ့လိုက်အောင် အသားက
ဖြူဖြူဝင်းဝင်း နဲ့ မျက်နှာကဝိုင်းဝိုင်းလေး။
မျက်မှန်ဝိုင်း လေး တပ်မယ်ဆို လုံးဝ လမင်းကြီးပဲ။

ကိုယ်ကတော့ သူတို့အိမ်မျက်နှာချင်းဆိုင်က သူရဲ့ အဖေမတူ အမေကွဲ ညီလေးပေါ့။ ကိုယ့်ဖေဖေ
ဦးအောင်မြတ် နဲ့ မေမေ နန်းဆိုင်ခမ်းဝါ ကငယ်ငယ်နဲ့အိမ်ထောင်ကျတော့ ကိုယ့်ကိုမွေးပြီး ကျောင်း
နောက်ဆုံးနှစ်တက်ရတာဆိုတော့ ကိုယ့်ကို သူ့မေမေ နဲ့ ထားခဲ့တာ။ သူက သူ့ကိုပိန်တယ်ပြောရင် ကိုယ်က
သူ့မေမေနို့စို့လို့ သူမှာနို့မဝပဲပိန်တာကလာသေးတာ။

You've reached the end of published parts.

⏰ Last updated: Sep 08, 2023 ⏰

Add this story to your Library to get notified about new parts!

I love you "Moon" more than I can say Where stories live. Discover now