မျက်နှာပူစရာ.....။
"စေ့စပ်ပွဲ? ဟုတ်လားMae"
ဘန်ကောက်မြို့ရဲ့ သာယာတဲ့မနက်ခင်းလေးက အခုတော့အယောင်ဆောင်ဖြစ်မှန် သူသိလိုက်ရပြီ။
မိုးလင်းကတည်းက တစ်အိမ်လုံးကသူ့အပေါ်ဝိုင်းပြီးကောင်းပေးလိုက်ကြတာ၊ အငယ်လေးအငယ်လေးနဲ့ ပါးစပ်ဖျားကနေကိုမချ။
မနက်စာစားတော့လည်း ခါတိုင်းလိုအရွက်သုပ်နဲ့ပဲမဟုတ်ပဲ,
Coffeeအိုးရယ် ချောကလက်ကိတ်မုန့်တွေရယ် ပူတင်းအိအိလေးတွေရယ်နဲ့ သစ်သီးခြင်းကြီးကပါလိုက်သေးသည်။သူအရမ်းပျော်ရွှင်နေကာ သာမန်နဲ့မတူတဲ့ အိမ်ကလူတွေကိုလည်း နည်းနည်းတော့ မသင်ကာဖြစ်မိပါသည်။
သူထင်တဲ့အတိုင်းပဲ၊
သူမနက်စာစားနေရင်း ဘေးကနေလာထိုင်ကာပြောလာသော Mae ရဲ့စကားကြောင့် သောက်နေသော Coffee တောင်သည်းသွားလေသည်။ဘေးက P'Pond နဲ့ Lookjun ကိုကြည့်လိုက်တော့လည်း ခါတိုင်းတည်ငြိမ်နေတက်သော အကိုကြီး Pond ကပြုံးစိစိပင်။
အငယ်မကလည်း မျက်နှာပိုးမသက်နိုင်။"သားရယ်, လူကြီးတွေကကောင်းစေချင်လို့ စီစဉ်တာလေ အဲ့လောက်ကြီးလန့်မသွားနဲ့"
"Mae တို့ကောင်းစေချင်တာကြီးကလည်း, ဘာလို့ကျွန်တော်မှလည်း ဟိုနှစ်ယောက်က အိမ်ကအကူတွေလား Mae သားသမီးတွေပဲကို"
"အို....မဟုတ်ဘူးလေ သားငယ်ရဲ့, အဲ့လူက သားနဲ့ရွယ်တူလောက်ပဲ, ပြီးတော့ သားတို့ကျောင်းကပဲလေ သားသိပါတယ်
Pond ကရည်းစားရှိတယ်၊ Lookjun ကလည်း ငယ်သေးတယ်"Fourth ဘေးကရယ်ကျဲကျဲလုပ်နေတဲ့ အကြီးနဲ့အငယ်မဆီကို မျက်စောင်းတစ်ချက် ပို့လိုက်ကာ Mae ရဲ့နောက်ဆက်တွဲစကားဖြစ်သော ထိုသူနဲ့စေ့စပ့်ရမည့် လူနာမည်ကြောင့်ကြောင်မိသွားသည်။
"Gemini Norawit လေ"
သူအခန်းထဲပြန်ရောက်တဲ့အထိ Mae စကားကိုခေါင်းထဲက ထုတ်မရပါ၊
ဘာလို့ အဲ့ကောင်တဲ့လည်း......၊ ကျောင်းမှာ ဒီလောက်လူတွေများတာကို။စိတ်ညစ်ညစ်နဲ့ ခေါင်းကိုတစ်ချက်ကုတ်ကာ ယူနီဖောင်းသာလဲလိုက်တော့သည်၊ ဘယ်လို့ ကျက်သရေမရှိသည့်မနက်ခင်းကြီးပါလိမ့်။