အသက်နဲ့မဆိုင်ပါဘူး......။
"သားငယ်တို့ အိမ်ပြန်တော့မယ်"
ပြုံးရယ်နေသော လူငယ်တစ်သိုက်ကတိတ်ဆိတ်သွားလေကြသည်၊
ငါ တစ်ယောက်တော့ ဒီအိမ်၊ ဒီရက်ကွက်လေးကိုခွဲရတော့မှာပါ့လား။18 နှစ်လုံးလုံး ကြီးပြင်လာတဲ့အိမ်ငယ်လေးကိုအရမ်း လွမ်းနေတော့မှာ။
Jun နဲ့ Winny ကအထုတ်တွေကို ကူသယ်ပေးလေသည်။Gemini နဲ့ငါနဲ့ကတော့ စာအုပ်တစ်ယောက်တစ်အုပ်ကြီးတွေနဲ့ နောက်ကနေဆင်းလာကြလေသည်။
"သားငယ်, ကျမ်းမာရေးဂရုစိုက်နော်မနေ့က မှာထားတာတွေမမေ့နဲ့၊ Gemini အပေါ်မဆိုးရဘူးနော် ကျန်တာMae မမှာရစေနဲ့"
Mae ကသူ့ဆံပင်အာ ဖွကာပြောလေတော့ ငါငိုချင်သွားလေသည်၊ သူက ဒီအိမ်နဲ့အကြာကြီး ခွဲနေရတော့မှာ။
"ကျွန်တော်ပိတ်ရက်တွေ လာနေမှာနော်"
"အေးပါကွယ်...."
Jun နဲ့ကတော့ ကျောင်းမှာတွေ့ရသည်မို့ ထွေထွေထူးထူးတော့ မဝမ်းနည်းပါ၊ကိုကြီး Pond ကိုတော့ငါလွမ်းမိသည်။
အကိုကြီးအဖရာလိုမျိုး ငါ့ကိုစောင့်ရှောက်ပေးခဲ့လေသည်မဟုတ်လား။ငါငိုတော့မည့်ဆဲဆဲမှာ ငါ့ရဲ့ချွေးပြန်နေကာအေးစက်နေသောလက်ကာခပ်နွေးနွေးလက်တစ်စုံက လာအုပ်လေသည်။
<< အုပ်ကြီးသည် အုပ်တက်ပါသည် [လက်နဲ့] >>
ငါကြည့်လိုက်တော့ Gemini ရဲ့လက်ကြီးကြီးများဖြစ်လေသည်၊ ငါGemini ကိုကြည့်လိုက်တော့ ငါ့လက်ကိုကိုင်ထားတာ သူမဟုတ်သည့်အတိုင်း အဝေးတစ်နေရာကိုသာကြည့်နေသည်။
ငါ့ရဲ့ စိတ်ထဲနွေးထွေးသည်ဟု ခံစားမိလေသည်၊
ရင်ထဲတော့ မဟုတ်သေးဘူးနော်။ငါလည်း Mae တို့ကိုနှုတ်ဆက်ကာ Gemini တို့ရဲ့ ကားအမဲကြီးပေါ်သို့ Gemini ရဲ့လက်ကိုမလွတ်မိပဲတက်မိလေသည်။
ငါကားပေါ်ရောက်တော့ လက်ကိုသတိရကာ ရုန်းလိုက်သောလည်း
တစ်ဖက်က လက်ပိုင်ရှင်ကငါ့ကို မလွှတ်ပေးပါ။
ငါနောက်တစ်ကြိမ်ထပ်ရုန်းကြည့်ပြန်သောလည်း အကြုံးမဝင်လှပါ။