'ခေါက်ဆွဲပြုတ် ၂ပွဲရပါပြီ'
အဒေါ်ကြီး၏ အော်သံနှင့်အတူ ဆောင်းဟွန်းက ပန်းကန်သွားယူပြီး ဆောနူကတော့ တူနဲ့ ဇွန်းလိုက်သယ်သည် ရာသီ ဥတု အေးတိုင်း ခေါက်ဆွဲပြုတ်သွားစားတတ်ကြတာက သူတို့ သူငယ်ချင်း၂ယောက်ရဲ့ အကျင့်တစ်ခုလိုပင် အလုပ်အကိုင် အသီးသီး ရနေသည့်တိုင် အဒေါ်ကြီး၏ လမ်းဘေးဆိုင်လေးကို ပြန်လာစားနေကြ
ဆောင်းဟွန်းက ခေါက်ဆွဲဖိုးရှင်းပြီး ဆောနူကတော့ ဆိုဂျူဖိုးရှင်းတာကတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းပင် သူငယ်ချင်း၂ယောက်သား ခုံထိုင်မည် အပြု အဒေါ်ကြီးက သူတို့အား စကားစသည်
'သားတို့ ၂ယောက်က အမြဲတမ်းလာတယ်နော် '
'ဟုတ် အဒေါ် အဒေါ့် လက်ရာက အရမ်းကောင်းတာကိုး'
စကားတန်းပြန်တာကတော့ ဆောနူပင် ဆောင်းဟွန်းကတော့ ခေါက်ဆွဲဗန်းကြီးကိုင်လျှက် သူတို့ထိုင်ခုံသို့လျောက်သွားလေပြီမို့
' သားတို့၂ယောက်က လိုက်ဖက်တာမှ လွန်ရော '
အဒေါ်ကြီးက သူ့ကို တစ်ချက် ဆောင်းဟွန်းကို တစ်ချက် ကြည့်ရင်းပြောလာသည်မို့ ဆောနူမှာ ကြောင် အအ
'ဗျာ'
'သားတို့က တွဲနေကြတာ မဟုတ်ဖူးလား'
---------------------------------------
ဆောင်းဟွန်း ခုံမှာထိုင်စောင့်နေသော်ငြား ဆောနူက အဒေါ်ကြီးနဲ့ စကားမပြတ်သေးသည်မို့ စိတ်ကမရှည်ချင်တော့
ဆောနူက ဒီလိုပင် လူတိုင်းနှင့်လည်း စကားပြောနိုင်သလို လူကြီးတွေကလည်း သူ့ဆို သဲသဲလှူပ်တတ်ကြတာမျိုး ဆောင်းဟွန်းကတော့ ဆောနူနဲ့သာ စကားများများပြောဖြစ်ပေမယ့် ကျန်တဲ့သူတွေနဲ့တော့ စကားပြောလေ့မရှိ
ခဏကြာမှ ဆောနူက ခုံကိုပြန်လာထိုင်သည်
နားရွက်ကလေးတွေက ရဲနေသော်ငြား ဆောင်းဟွန်းကတော့ အေးလို့ဟုသာ တွေးထားလိုက်တော့သည်'ဆောနူ '
နှစ်ယောက်လုံး စားသောက်ပြီးကြသည်နှင့် ခဏလမ်းလျှောက်ကြ တတ်ကြတာကလည်း အကျင့်တစ်ခုလို ဒါက ဆောင်းဟွန်းစခဲ့တာမဟုတ်သော်ငြား ပြည့်အင့်အောင် စားနေကျ ဆောနူကြောင့် လမ်းလျှောက်နေရတာမျိုးပင် ဆောင်းဟွန်းကလည်း အကြောင်းသိပြီးသားမို့ ကားကို တမင်ပင် ဝေးဝေးမှာ ရပ်ခဲ့တာ