ᴀʟʟ ᴛʜᴀᴛ ɪ ʟᴏᴠᴇ

868 78 19
                                    

- Playlist -

•Every Summertime - NIKI
•Sacrifice - ENHYPEN
•Paper Cuts - EXO-CBX
•I Do - D.O.

◎----------♡----------◎

◎----------♡----------◎

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

၂၀၁၅ ခုနှစ်၊ ဂျွန်လ။

" ဘာလို့ အဆင့် ၂ လဲ ရှင်းမ်ဂျယ်ယွန်း"

ဩဇာပြည့်ဝသည့် ခပ်မာမာအသံမှာ အလုံပိတ်ထားသည့် စာကြည့်ခန်းအနှံ့ ပျံ့နှံ့သွားရသည်။ မျက်မှန်ဘောင်အောက်က စူးရဲလှသော အေးစက်စက်အကြည့်များအား ရင်မဆိုင်နိုင်ခြင်းငှာ ဂျယ်ယွန်း ကိုယ့်ခေါင်းကို အနိမ့်ဆုံးသို့ ငုံ့ချထားမိသည်။ ကြိုတွက်ထားပြီးသား အခြေအနေဖြစ်သည့်တိုင် ခဲမှန်ခဲ့ဖူးသည့် စာသူငယ်လေးဂျယ်ယွန်းမှာ တဆတ်ဆတ်တုန်နေသည့် လက်ဖျားများကို ေဖဖေမမြင်စေရန် တင်းတင်းယှက်ကိုင်ထားရသည်။ ကူကယ်ရာမဲ့နေသည့် ယခုအဖြစ်ကို တွေးရင်း မေမေ့အား လွမ်းစိတ်တို့ကလည်း အလုအယက်တိုးဝင်လာကြသေး၏။

" တစ်...တစ်ပုဒ်မှားဖြေခဲ့မိလို့ပါ ေဖဖေ"

" ဘာကွ! မင်း အဲ့လောက်တောင် သောက်သုံးမကျဘူးလား ဟမ်.. အမြဲတမ်းအလုပ်ကိုသေချာလုပ်ဖို့ပြောတဲ့ ငါ့စကားကို သောက်ဂရုမစိုက်တာပေါ့လေ ဟုတ်လား"

" အာ့! မ--မဟုတ်ပါဘူး ဖေဖေရယ်။ သား တမင်လုပ်တာမဟုတ်ပါဘူး။ အဲ့ဒီနေ့က သားခေါင်းနည်းနည်းမူးနေခဲ့လို့ပါ..သား မှားသွားပါတယ် "

အသေအချာချိန်ရွယ်ကာ ပစ်ပေါက်လိုက်သည့် ဖေဖေ့သောက်လက်စကော်ဖီခွက်အား မျက်နှာတည့်တည့် မထိရုံတမယ်ရှောင်နိုင်လိုက်သော်ငြား ပုခုံးစွန်းသို့ အရှိန်ပြင်းပြင်းထိမှန်သွားသည်မို့ နုနယ်သည့်ဂျယ်ယွန်းလေးမှာ ပေါက်ခနဲကျသွားသည့် မျက်ရည်ကြည်တို့အား မထိန်းနိုင်လိုက်။

ᴀʟʟ ᴛʜᴀᴛ ɪ ʟᴏᴠᴇ (ʏᴜɴᴋɪ)Where stories live. Discover now