ကတိ ခါးခါး....💔 (part 2.1)

451 34 10
                                    

ဦးငယ်ဟာ အရာရာထပ်တူကျပြီး ဘဝတလျှောက်လုံး လက်တွဲဖို့သင့်တော်တဲ့ ချစ်သူလေးကိုစွန့်လွတ်
လိုက်ရတယ်ဆိုတာ သိပါ့မလား။
တကယ်တမ်း စဥ်းစားကြည့်မယ်ဆို ပိုခံစားရမယ့်သူက
ဦးငယ်ဖြစ်နေရမှာမလား။ ဦးငယ်က
သူ့ကိုသိပ်ချစ်တဲ့ ကောင်လေးကို ဆုံးရှုံးလိုက်ရတာ
မဟုတ်လား။ ဒါပေမယ့်လည်း ပိုချစ်တဲ့သူက
ပိုရင်နာရတယ်လို့ပဲ ချာတိတ် လက်ခံလိုက်ပါတယ်။

နောက်ဆို ဦးငယ်နဲ့အတူ ထိုမိန်းကလေးဟာ
ကော်ဖီဆိုင်ထိုင်ပြီး ကော်ဖီခါးခါး တွေ အတူတူ
လိုက်သောက်ပေးနိုင်ပါ့မလား။ ကော်ဖီသောက်ရင်း
စကားတွေလုပြောအတူရယ်မော ပေးနိုင်ပါ့မလား။
ဘောလုံးအကြောင်း ဂိမ်းအကြောင်းစကားဘောင်ဖွဲ့
ပြောပေးနိုင်ပါ့မလား။သဘာဝဆန်ပြီး အေးဆေးတဲ့
နေရာတွေဆီ အတူသွားရင် ဦးငယ်ကစာဖတ်
ချာတိတ်ငယ်က ပန်းချီဆွဲသလိုမျိုးအေးချမ်းရာကို
သူကအတူဖြတ်သန်းပေးပါ့မလား။မိုးရွာရင်
ထီးကိုင်ရမှာပျင်းတဲ့ဦးငယ်ကို ထီးမိုးပေးနိုင်တဲ့ထိ
ထိုအမျိုးသမီးဟာ အရပ်ရှည်ရဲ့လား။

ဦးငယ်နဲ့ချာတိတ်က အကြိုက်ချင်သိပ်တူတာ။
ကော်ဖီခါးခါး ကြိုက်တယ်။
ပန်းချီ တွေ စာအုပ်တွေ ကြိုက်တယ်။
ပန်းချီပြပွဲတွေဆီ တိုးဝှေ့လျှောက်သွားရမျိုးတွေ
ကြိုက်တယ်။
ကောင်းကင်လို အပြာနုရောင်လေးကို သဘောကျတယ်။
Super Natural ထဲမှာ ဆမ် ကိုကြိုက်တယ်။
ပြီးတော့ မိုးရွာတိုင်း ချာတိတ်က အမြဲထီးမိုးပေးတယ်။

နောက်ဆို ချယ်ရီပင်ကြီးရဲ့ လမ်းတဖတ်ခြမ်းက
ကော်ဖီဆိုင်လေးဆီရောက်ရင် ......
ပန်းချီပြပွဲတွေ စာအုပ်တန်းတွေဘက်ရောက်ရင်...
ကောင်းကင်ပြာပြာကို မော့ကြည့်မိရင်...
Super Natural ဇာတ်ကား ထပ်ကြည့်ဖြစ်ရင်....
မိုးရွာတဲ့ခါ ဦးငယ် ထိုမိန်းကလေးအား ထီးမိုးပေးရင်
ဦးငယ် ဒီချာတိတ်ကိုများ သတိရနေလေမလား။
အစစအရာရာနီးပါးတူညီခြင်းရဲ့ အဆုံးသတ်မှာတော့
ဦးငယ်နဲ့ချာတိတ်တို့ ဖူးစားတွေလမ်းလွဲသွားခဲ့ကြပါတယ်။

" ချာတိတ်"

ရုတ်တရက် ချာတိတ်လက်ဖဝါးတွေကို
ခပ်တင်းတင်းဆွဲထားခံလိုက်ရမှ အတွေးလွန်နေရာဆီကနေ လက်ရှိဘဝဆီ ပြန်ရောက်လာမိတယ်။
ဦးငယ်နဲ့ ဝေးပြီးတည်းက လမ်းကူးရင်ချာတိတ်ဟာ ဘယ်တော့မှ သတိကပ်မနေပါဘူး။
တခုခုတွေးနေတာမျိုးတခါတလ ဘာမှတွေးမနေပဲ လေဟာနယ်ထဲ ရောက်နေသလိုမျိုး။
ဆုပ်ကိုင်ခံထားရတဲ့ လက်ဖဝါးတွေကနေတဆင့်
နောက်ကိုကြည့်မိတော့ ဦးငယ်ဟာစိုးထိတ်စွာ
ချာတိတ်ငယ်မျက်ဝန်းတွေဆီ ငေးကြည့်နေတယ်။

STAR ll Jinkook ll ⭐Where stories live. Discover now