3

694 59 5
                                    

ဒီနေ့ကကျောင်းတက်ရမဲ့ရက်ဖြစ်တာကြောင့်
fourth ကငါ့ကိုလာခေါ်တယ်။ကားနဲ့လာခေါ်တာပင်မဲ့ ငါကစက်ဘီးနဲ့သွားချင်တာမို့ သူ့အိမ်ကကားကိုပြန်လွှတ်လိုက်ပြီး ငါနဲ့အတူတူစက်ဘီးစီးပြီးလိုက်လာတယ်လေ။

"Fourth မင်းကိုကောင်မလေးတယောက်ပေးခိုင်းလိုက်လို့"

ငါတို့ကျောင်းရောက်တော့ winny ကဒီစာကိုလာပေးသည်။fourth က ဂီတကလပ်မှာပါပြီး အဖွဲ့ခေါင်းဆောင်ပါဖြစ်တာမို့ ကျောင်းကလူတွေကြားမှာရေပန်းစားတယ်။အထူးသဖြင့်ကောင်မလေးတွေပေါ့။

"မင်းက မင်းကောင်လေးနဲ့အတူလာတာလား"

Ford ကအမြဲငါတို့ကို အတွဲတွေလို့စလေ့ရှိသည်။ငါမကြိုက်တာတော့မဟုတ်ပေမဲ့ ကြိုက်တယ်လို့လဲမဟုတ်ပါဘူး။

"မင်းဖင်ကို ကောင်လေးလား!gem ငါဗိုက်ဆာပြီ သွားကြမယ်"

"အင်း သွားမယ်လေ"

"ဒီစာကကော လာပေးတဲ့ကောင်မလေးကချစ်စရာလေးကွ"

"မင်းကြိုက်ရင်မင်းပြန်တွဲလိုက် ငါတော့မကြိုက်ဘူး"

"ကြိုက်စရာလားကွ!"

"Fourth karb မင်းဗိုက်ဆာပြီဆိုသွားကြမယ်လေ"

"ဟုတ်ပြီ သွားမယ်လေ မင်းတို့နှစ်ကောင်နေခဲ့!!"

"နေခဲ့မှာပါ အဲ့မှာစိတ်ကြိုက်ပလူးလာခဲ့"

အနောက်က လှမ်းအော်လိုက်တဲ့ ford ရဲ့စကားကြောင့်
ငါ့ဘေးက fourth ကလက်ခလယ်တချောင်းထောင်ပြ
လိုက်သေးသည်။

"ခေါက်ဆွဲကြော် မင်းအတွက်"

ငါ fourth အတွက်သွားဝယ်လာပေးလိုက်သည်။fourth ကငါ့ကိုမော့ကြည့်၏။

"ဘာဖြစ်လို့လဲ မကြိုက်ဘူးလား"

"မဟုတ်ပါဘူး ငါကြိုက်တာပေါ့"

"ကျောင်းပိတ်ရင် မင်းဘာလုပ်ဖို့စဉ်းစားထားလဲ"

"ငါလား မသိသေးဘူး မင်းကော"

"ငါက ငါ့မိဘတွေဆီပြန်သွားမလို့"

"ငါလဲလိုက်ခဲ့မယ်လေ"

"မလိုက်နဲ့"

"ဟာ gem ဘာလို့လဲ မရဘူးလား"

"မရဘူး မလိုက်နဲ့"

First Love [Complete]Where stories live. Discover now