I'Dol love story Ep 21

157 15 0
                                    

I'Dol love story Ep 21

သတင်းနဲ့ စာနယ်ဇင်းသမားတွေ မီဒီယာ သမားတွေ အရှေ့က စင်မြင့် ကိုကြည့်ပီ တစ်ခုခုကို တီးတိုးနေကျကာ လည်တရှည်ရှည်နဲ့ မျှော်နေခဲ့ကြသည်

ဂျောင်းကု အရှေ့က လူအုပ်ကို ကြည့်ပီ စိတ်တို့လှုပ်ရှားနေပေမယ့် တည်ငြိမ်ရင့်ကျတ်နေခဲ့သည်

ARMY တွေ Fan တွေရှေ့မှာ အပြုံးချိုချိုလေးနဲ ကလေးဆန်သလောက် ခုလိုအရေးကြီးတဲ့အချိန်မျိုးကြ တည်ငြိမ်ရင့်ကျတ်နေခြင်းက Jeon Jung Kook မှ ဟုတ်ရဲ့လား သံသယ ဝင်စရာ ကောင်းလှအောင် တည်ငြိမ်ရင့်ကျတ်နေခဲ့သည်

ဖြူဝင်းသော အသားရောင်မှာ အနက်ရောင် ရှပ်လေးကို သေသပ်စွာ ဝတ်ဆင်ထားပီ အနက်ရောင် ဂျင်းဘောင်ဘီ အကျပ်လေးကို သေသပ်စွာ ဝတ်ဆင်ထားခြင်းက မြင့်မားတဲ့ အရပ်မှာ ကြည့်ကောင်းနေခဲ့သည်

ဆူညံပွက်လော ရိုက်နေသော လူအုပ်ကြီးက Jeon Jung Kook ကိုမြင်လိုက်တာနဲ့ မီးကို ရေနဲ့ငြိမ်းသက်လိုက်သလို တိတ်ဆိတ်သွားခဲ့ကြသည်

ရူဖိနပ်သံ တဒေါက် ဒေါက်နဲ့ လျှောက်လှမ်းလာသော နက်ဆွေနေသော နတ်သားလေးရဲ့ မျက်နာမှာ အပြုံးအရယ်တို့ ကင်းမဲ့နေပီ နူတ်ခမ်းပါးတို့က တိကျစွာ ပိတ်ထားပီ မျက်လုံးဝိုင်းဝိုင်းလေးက စူးရဲနေခဲ့သည်

စင်မြင့်ပေါ် ရှိ မိုက်ရှေ့ရပ်လိုက်ချိန် လူအားလုံးသတင်းယူဖို့ အသင်ရှိနေကာ ကင်မရာ မီးရောင်များ တဖျတ်ဖျတ်နဲ့ လင်းနေခဲ့ကြသည်

ဂျောင်းကု မိုက်ဘေးကနေ သူ့ခါးတို့ကို 90° ညွတ်လိုက်ပီ ယဉ်ကျေးစွာ နူတ်ဆက်လိုက်သည်

🐰""အားလုံးပဲ မဂ်လာ နံနက်ခင်းလေးပါ"

🐰""ကျနော် သတင်းစား ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းအရင်းလေးကို အားလုံးသိပီသာ ဖြစ်မှာပါ"

ဂျောင်ကု ခနရပ်လိုက်ပီ လူအားလုံးကို တစ်ချက်အကဲခက်လိုက်ပီ

🐰""ကျနော်တို့ New Album Tital sound မှာ အငြင်းပွားစရာတွေ တွေ့ကြုနေရပီ fan တွေကို စိတ်အနှောက်အယှက်ပေးမိတဲ့အတွက် ကျနော်တို့ BANGTAN Group အနေနဲ့အနူးအညွတ်တောင်ပန်ပါတယ်""

I'Dol love storyWhere stories live. Discover now