Part 7

102 9 2
                                    

ချိုင်ကမွန်နှင့်တွန်ခေါက်သည် အဆောင်အတူတူနေကြသည်.....

ဗြီးးးးဗြီးးးးးး
ဟလို.......

ကမွန် မင်းအခုအားလား.....

အေးငါအခု ငါ့ရည်းစားနဲ့ လိုတာလေးတွေဈေးဝယ်ထွက်နေတာကွ...ဘာဖြစ်လို့လဲ

မင်းတစ်ကယ်မမှတ်မိတာလားကွ....

ဘာကိုလဲ.....

ဒီနေ့ ချယ်ရီ ရဲ့မွေးနေ့လေငါတို့barမှာဆုံကြဖို့ပြောထားတာကြာပြီလေမင်းမမှတ်မိဘူးလား.....

ဪ.....ဟုတ်သားပဲ ဒီနေ့ချယ်ရီ့မွေးနေ့ငါမေ့နေတာကွ
ချိုင်ကမွန်၏ ပါးစပ်မှ ချယ်ဆို ဆိုသောမိန်းကလေးတစ်ဉီး နာမည် ကြားလိုက်ရသောကြောင့် တွန်ခေါက်မျက်နှာပျက်သွားသည်.....

ငါအခုလာခဲ့မယ်....ချယ်ရီ့ကိုလည်းစိတ်မဆိုးပါနဲ့လို့ပြောပေးပါကွာ...ဪဒါနဲ့ငါ ငါ့ချစ်သူကိုပါ ခေါ်လာခဲ့မယ်နော်....

အေးအေးခေါ်လာခဲ့ ငါတို့လည်းတွေ့ဖူးတာပေါ့..
အက်ဒါ‌ဆိုဒါပဲနော် ဟျောင့် ဖုန်းချလိုက်မယ်....

ချိုင်ကမွန်သည် တွန်ခေါက်အား
တွန် ဒီနေ့ကိုယ့်သူငယ်ချင်းမွေးနေ့ ကိုယ်မေ့နေတာ တွန် ပါ လိုက်ခဲ့နော် ကိုယ်တို့ခဏပဲနေပြီးပြန်ကြမယ်လေနော်

ဟုတ်ကဲ့ပါ ကိုကြီး လိုက်ခဲ့ပါ့မယ်...
တွန်ခေါက်သည် မိန်းကလေးသူငယ်ချင်းဖြစ်သောကြောင့် သဘောမကျသော်လည်း ချိုင်ကမွန်အား စိတ်မကောင်မဖြစ်စေရန် လိုက်သွားလေသည်....

Barသို့ရောက်သောအခါ!!!
တွန်ခေါက်သည်တစ်ကြိမ်တစ်ခါမှ barမသွားဘူးသောကြောင့် အထူးအဆန်းဖြစ်နေသည်....

ကမွန် ငါတို့ဒီမှာ....
ထောင့်စွန်းလေးတွင် ထိုင်နေကြသော ဝိုင်းဘက်မှ အသံထွက်လာသည်...

အေးအေးလာပြီ....လာ တွန် သွားကြမယ်

ချိုင်ကမွန်သည် တွန်ခေါက်အားသူ၏သူငယ်ချင်းများထိုင်နေသော ဝိုင်သို့ခေါ်သွားသည်....။ထိုဝိုင်းထဲတွင် ယောင်္ကျားလေး3ယောက်နှင့်မိန်းကလေး1ယောက်ထိုင်နေသည်....

ချိုင်ကမွန်သည်တွန်‌ခေါက်အားသူ၏သူငယ်ချင်းများနှင့်မိတ်ဆက်ပေးလိုက်သည်
တွန်...ဒါက ပဝီး၊ဒါက ဝမ် ဒါက ဖူ ဒါကတော့မွေးနေ့ရှင် ချယ်ရီတဲ့
ဟျောင့်တွေ....ဒါကငါ့ချစ်သူ တွန်ခေါက်တဲ့

Forever YouWhere stories live. Discover now