Part.5

123 13 0
                                    

'' အာ့..''

Ceoရုံးခန်းကိုသွားဖို့ ဓာတ်လှေကားဆီသို့အသွား ကောင်မလေးတစ်ယောက်နှင့်ဝင်တိုက်မိကာ ကောင်မလေးရဲ့စာရွက်တွေ လွတ်ကျသွားပြီး အကုန်ပြန့်ကျဲသွားကာ ကောင်မလေးမှာလဲဖင်ထိုင်ရက်သားလေးလဲကျသွားတယ်

''sor..sorryပါဗျာ ကျွန်တော်လောနေတာနဲ့ ခင်ဗျား လျှောက်လာတာကို မမြင်လိုက်ဘူး... ရရဲ့လားဗျ...''

Jisooပြောလည်းပြော ရှေ့ကကောင်မလေးကိုလည်းဆွဲထူပေးလိုက်သည် ပြီးမှ ပြုတ်ကျသွားတဲ့ စာရွက်တွေကိုပြန်ကောက်ကာပေးလိုက်သည်

''တောင်းပန်ပါတယ်ဗျာ..အရမ်းနာသွာလား''

''ဟုတ် ရ..ရပါတယ်..Chae လည်း အောက်ကိုကြည့်ပြီးလျှောက်လာတာမို့မမြင်လိုက်လို့ပါ Chaeအမှားလည်းပါပါတယ်..''

''မဟုတ်တာဗျာ..ခနခုနလက်ကိုထိသွားတယ်မလားကြည့်ရအောင်...''

ပြောလည်းပြောChae Youngရဲ့လက်ကိုဆွဲယူကာကြည့်လိုက်သည့်သူကြောင့် Chae Youngမှာသူ့ကိုမျက်လုံးလေးပြူးကာ ကြည့်နေမိသည်

''အာ..သွေးတောင်ထွက်သွားတာပဲ..ခန ဒီမှာခနစောင့်နေနော် ကျွန်တော်ပြန်လာခဲ့မယ် ဘယ်မှမသွားနဲ့....''

Chaeအဖြေကိုတောင်မစောင့်ဘဲပြေးထွက်သွားတာကြောင့် Chae Young အနားကခုံတစ်ခုံမှာသာထိုင်စောင့်နေလိုက်သည်

.
.
.

ခနအကြာသူက အမောတကောဖြင့်ပြန်ရောက်လာကာ လက်ထဲတွင်လည်း အထုပ်တထုပ်ကိုကိုင်လာသေးသည်

''စောင့်ရတာကြာသွားလား..ကျွန်တော်ဆေးဆိုင်ကဒီနားမှာမရှိလို့ ဟိုဘက်သွားဝယ်နေရလို့....''

''ဟုတ် သိပ်မကြာသေးပါဘူး..''

''ခုနက ဒဏ်ရာလေးဆစ်ချက်လောက်ပြန်ပြပါလား ''

သူ့စကားကြောင့် Chaeလည်းအူကြောင်ကြောင်ဖြင့်သာပြန်ကြည့်နေမိသည်

''ဟို ကျွန်တော်က ဆေးထည့်ပေးမလို့ပါ ဘာမှမလုပ်ပါဘူး
...''

''အာ..ဟုတ်''

Chaeပြောတော့ သူကပြုံးပြကာ လက်ကိုယူကြည့်နေသည်

ပြီးတော့ ခုနကဝယ်လာတဲ့အထုပ်ထဲမှပစ္စည်းများကိုတစ်ခုချင်းစီထုတ်နေသည်
ကြည့်ရတာ ဆေးထုပ်ထင်သည် အရက်ပြန်ဘူးကိုထုတ်လိုက်တော့ chaeလည်းမျက်နှာလေးတစ်ချက် ရှုံမဲ့သွားကာ ပုခုံးလေးတစ်ချက်တွန့်သွားသည်

❤First Love❤Where stories live. Discover now