downpour

883 71 22
                                    

မျက်လွှာနှစ်ဖက်ကိုတင်းတင်းစေ့ထားရသည့်အလုပ်က မျက်လုံးတည့်တည့် နေထိုးနေသည့်အချိန်တွင်တော့ခက်ခဲလွန်းလှသည်။ လူးလွန့်လှုပ်ရှားရန် အင်မတန်မှပျင်းရိသလို အားမရှိသည့်အလျောက် တခြားတစ်ဖက်ကိုလှည့်ဖို့ကလည်းမဖြစ်နိုင်လှ။ ခန္ဓာကိုယ်တွင် တစ်ခုခုလိုအပ်နေသလိုခံစားရသည်ကိုကြည့်လျှင် ခြုံထားသည့်စောင်မှာလည်း အစောကတည်းက ဖယ်ခွာခံထားရပြီမှန်း သိသာလှသည်။

"‌အွန်းးးး"

ညောင်းကိုက်နေသည့်ခါးကြောင့် အနည်းငယ်ညည်းညူလိုက်ရင်း မျက်နှာကိုခေါင်းအုံးထဲပိုတိုးမိတော့ လက်ကောက်ဝတ်ကိုလာဆွဲသည့်လက်က ခပ်ဖွဖွ။ မတိုးမကျယ် သက်ပြင်းချသံတစ်ချက်နှင့်အတူ အိကျသွားသည့်မွေ့ယာတို့က တစ်စုံတစ်ယောက်၏နီးကပ်လာမှုကိုအသိပေးသည်။

"ဂျုံဆောင်း၊ ထတော့လေ။ ကိုယ်တို့ဒီနေ့သွားစရာရှိတယ်မဟုတ်လား"

အိပ်ရေးမဝသေးလို့ ကောင်းကောင်းမလည်ပတ်သေးသည့် ဂျုံဆောင်းကလေး၏ဦးနှောက်က ထိုစကား၏အဓိပ္ပာယ်ကို နားလည်တစ်ချက် မလည်တစ်ချက်၊ "အင်း" ဟုသာတစ်ချက်အသံပြုပြီး တစ်ဖန်ပြန်လည်အိပ်ပျော်မလိုဖြစ်သွားပြန်တော့ လက်မောင်းမှနေ၍ အားနှင့်ဆွဲထခံလိုက်ရပြန်သည်။

"ထပါတော့ဆို၊ အိပ်ပုတ်လေးမလုပ်နဲ့တော့။ မို့ဂ်ဖိုကိုမပြန်ခင် ကိုယ့်မေမေ‌ဖေဖေနဲ့ မမ၊ ညီမလေးတွေအတွက် လက်ဆောင်ဝယ်ချင်သေးတယ်"

ပွရှုပ်နေသည့်ဆံပင်တွေကို စိတ်ရှည်လက်ရှည် သပ်တင်ပေးရင်း နူးနူးညံ့ညံ့ဆိုလာသည့်စကားလုံးတွေက ကလေးငယ်ငယ်လေးကိုချော့မြူနေဟန်။ အနှိုးခံနေရသည့် ကာယကံရှင်မှာတော့ မျက်လုံးတောင်သေချာမပွင့်ပေမယ့် မငြီးမငြူ ပါးစပ်ကတတွတ်တွတ်ပြောရင်း ဂျုံဆောင်းလက်ကို ခပ်သာသာဆွဲလှုပ်နေသည့် ပတ်ဆောင်ဟွန်းဟာ ဘယ်လောက်တောင်များစိတ်ရှည်လိုက်သလဲလို့။

ထိုကဲ့သို့ ထိုင်လျက်သားအနေအထားမျိုးနှင့် ခဏမျှကြာတော့ ဂျုံဆောင်းလည်း နည်းနည်းတော့အသိစိတ်ကပ်လာပြီဖြစ်တာမလို့ လေးလံနေသည့်မျက်လုံးတွေကို လက်ခုံနဲ့ပွတ်ရင်း မျက်စိကိုကြိုးစားဖွင့်ကြည့်လိုက်သည်။
ပထမဆုံးအနေနှင့် မြင်ကွင်းထဲဝင်လာသည်က သူ့ကိုပြုံးလျက်ကြည့်နေသည့် သောက်လေသောက်လေ ငတ်မပြေသည့် ပင်လယ်ရေကဲ့သို့ ခပ်ကြည်ကြည် မျက်နှာလေး။

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

downpour • sungjeng | commissionWhere stories live. Discover now