BROMANTIC

12 0 0
                                    

Unicode

ဆောင်းငွေ့တွေရိုက်နေပြီဖြစ်တဲ့တောင်တန်းကိုငေးကြည့်ရင်းလွှမ်းထက်ကိုစက်ဘီးကိုတဖြေးဖြေးနင်းလာ ခဲ့သည်အေးစိမ့်မှုကိုမဆိုစလောက်ကလေးစခံစားလာရသည် ဒီရာသီဆိုရင်ဒီလိုပါပဲမနက်ခင်းလေ့ကျင့်ခန်း လုပ်ကြသူတချို့တောင်တန်းကြီးရှိရာဦးတည်၍ပြေးသွားကြသည် သူကတောင်တန်း၏အလှကိုသာခံစား ရင်းစက်ဘီးကိုဆက်နင်းဆဲ မြို့ကြီးပြကြီးများလိုမစည်ကားပဲ အမြဲတိတ်ဆိတ်အေးချမ်းနေတဲ့ဒီမြို့ ကလေး မှာလွှမ်းထက်ကိုအကြိုက်ဆုံးနှစ်ချက်ရှိသည်ပထမအချက်ကဒီတောင်တန်းကြီးဖြစ်သည်ရာသီအလိုက်ပြောင်း လဲနေသောတောင်တန်း၏အလှကသူ့အတွက်ဘယ်လောက်ကြာကြာမရိုးနိုင်ပေ နောက်တစ်ချက်ကလည်း ဒီတောင်တန်းတန်းနှင့်ပင်ဆက်စပ်နေသေးသည် တိတိကျကျဆိုရင်တောင်‌‌ခြေမှာနေသောသူစွဲလမ်း‌ရတဲ့ တစ်စုံတစ်ယောက်ကြောင့်ဆိုပိုမှန်မည် တွေးရင်းပင်အိမ်ရှေ့‌ရောက်လာပြီမို့လွှမ်းထက်ကိုစက်ဘီးဘဲကို နာနာကလေးတီးကာမနက်ခင်းအတွက်သူ့အကြည်ဓါတ်ကလေးကိုခေါ်ထုတ်လိုက်သည်

" လာပြီ ‌ဟေး မနက်စောစောစီးစီးသေမလိုဖြစ်နေတာလား ထက်ကို"

ထောပနာပြုသံနှင့်အတူအိမ်ပေါ်ကဆင်းလာသော မြတ်နိုးရသူ ဒီလိုတွေးရင် လွှမ်းထက်ကိုရင်ထဲရှိန်းကနဲဖြစ် သွားရသလိုလို လူကမျက်နှာပင်ပူလာ၏ ဘယ်သူမှမသိသော်လည်းသူ့ကိုသူပြန်ရှက်ရသည်

" အဖွားကရေခပ်ခိုင်းနေလို့ မင်းလိုမနက်မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးလမ်းသလားလို့ရတာမဟုတ်ဘူးအလုပ်ရှိ သေးတယ်"

" စကားများလိုက်တာတက်မှာဖြင့်တက်"

ရေခပ်ထားရသဖြင့်ပင်ပန်းနေသော မျက်နှာနီနီကိုစေ့စေ့ကြည့်ရင်းပြောလိုက်တော့နောက်ကခွတက်သည် အိကျသွားသောအလေးချိန်နဲ့အတူ အလွတ်ရနေတဲ့ကိုယ်သင်းရနံ့ကိုရတော့ လွှမ်းထက်ကို ကြိတ်ပြုံးမိသည်

" ဒီလိုဘီးမျိုးစီးနေမဲ့အစားပြိုင်ဘီးပဲ၀ယ်လိုက်ပါလားကွာ"

"မစီးချင်ပါဘူး"

ပြိုင်ဘီးဆို မင်းနဲ့ဒီလိုတူတူမစီးရပဲနေမှာပေါ့ ဟုပြောလိုက်ချင်ပေမဲ့လည်းရင်ထဲမှာပင်သိမ်းထားလိုက်ပါ၏

BROMANTICWhere stories live. Discover now