ရင်းနှီကျွမ်းဝင်မှုရဲ့ တစ်ဖက်ကမ်းအလွန်မှာ ဘာရှိမလဲ။
•
"ကျွန်မလိုလူကရှင့်ရဲ့သူငယ်ချင်းပါ လို့ပြောတော့ သူတို့ကအသာတကြည်လက်ခံကြရဲ့လား"
"ဒါပေါ့၊ ဒီမိန်းမကိုဘယ်သူကများလွန်ဆန်နိုင်မှာလဲ"
တစ်ခုသောနေ့လယ်ခင်းတွင် အစ်ကို့အကူအညီနှင့် ဝင်းတားဂင်၏အိမ်ကိုရောက်ရှိလာခဲ့သည်။ ဟုတ်ပါသည်။ အစ်ကို့အကူအညီနှင့်ဖြစ်ပါသည်။ အစ်ကိုကသူသည် မြို့ထဲရှိမြို့သူ မြို့သားတိုင်းကို သိကျွမ်းပါတယ်၊ ဝင်းတားဂင်ဟာယုံကြည်စိတ်ချရပါတယ် ဟူ၍ သူမ၏အနားမှနေကာ တဖွဖွဝိုင်းဝန်းပြောဆိုပေးခြင်းကြောင့်သာလျှင် ယခုဝင်းတားဂင်၏အိမ်အတွင်းခြေချနိုင်ခြင်းဖြစ်သည်။
ဘာကြောင့်ဆိုတော့၊ သူမသည်ဝင်းတားဂင်၏အိမ်ကို ရိုးရိုးတန်းတန်းလာသည်မှမဟုတ်ပဲ။ ညအိပ်ဖို့လေ။
ဒါကိုအစ်ကို့အကူအညီမပါဘဲ အိမ်သားများကိုတနိုင်တပိုင် ပြောဆိုနိုင်ဟန် အသံကောင်းဟစ်နေသောသူမ၏စကားများအား အစ်ကိုကြားသိလျှင် အားပါးတရအော်ရယ်လိမ့်မည်။
"ဝင်းတားဂင်"
"ခါရီနာယူ"
ထိုတုံ့ပြန်မှုအားသဘောကျသည့်အလျောက် လိုသည်ထက်ပိုပြုံးမိတော့ သူမရှေ့ရှိမိန်းမငယ်ကတိုးတိုးတိတ်တိတ်မေးခွန်းထုတ်သည်။
"ဘာဖြစ်လို့ပါလိမ့်"
"ရှင်တုံ့ပြန်တဲ့ပုံစံကို တို့သဘောကျလို့ပါ"
ထိုသို့ဆိုတော့သူကလည်း ခပ်ပြုံးပြုံး။ ပြီးနောက်သူသည်
"လက်ဖက်ရည်သောက်မယ်မဟုတ်လား၊
ကျွန်မသွားဖျော်လိုက်ဦးမယ်.."ပြောလိုသည့်စကားကိုမပြောရသေးသောကြောင့် ထိုင်နေရာမှထဖို့ရန်ပြင်ဆင်နေသည့်သူကို အမြန်တားရသည်။
"နေပါဦး"
"ဟင်၊ ပြောစရာရှိသေးလား"
"ဆင်စွယ်ရောင် ကြိုက်သလားဟင်"
"ဟ-ဟုတ်၊ ကြိုက်ပါတယ်.."
"ဒါ့ဖြင့် ဒီမှာ...."
အငြင်အသာထိုးပေးလိုက်သည့်စက္ကူအိတ်ကလေးထဲတွင် ရက်ပေါင်းများစွာအလွန်ကအကြွေးတင်ခဲ့လေသည့် ဦးထုပ်ကလေးပါရှိသည်။
YOU ARE READING
တိမ်
Fanfictionတိမ်နှင့်တူသောထိုအမျိုးသမီးသည်လည်း တစ်နေ့လျှင်တိမ်များအသွင် လွင့်စင်သွားလိမ့်လေမလား။