Did this for love

40 4 0
                                    

Warning ( yandere mingi and k words )
      
*ကျွန်တော် သူ့ကိုချစ်တယ်*

*သူ့ကို ကျွန်တော်ပဲ ပိုင်ဆိုင်ချင်တယ်*

*ကျွန်တော်မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ တွဲသွားတာမြင်ရင် သူ့ဘေးနားကလူတွေကို သတ်ပစ်ချင်တယ် *

*နှစ်တွေအများကြီးချစ်လာရတာ ကျွန်တော်လေ
  တစ်ခြားသူကိုပေးစရာလား*

*သူ့ရဲ့ အပြုံး၊ သူ့ရဲ့ ကိုယ်သင်းနံ့၊ သူသုံးတဲ့ရှန်ပူ၊ ရေမွှေး၊သွားတိုက်ဆေး၊ ပြီးရင် အားကစားလုပ်ပြီးတိုင်း ရတဲ့သူ့ချွေးနံ့ စတဲ့အားလုံးကို ကျွန်တော်မြတ်နိုးတယ်*

*နေမကောင်းဖြစ်ဖို့မပြောနဲ့ ထမင်းစားနေရင်း မာတဲ့အစာကိုက်မိလို့ သူ့ သွားဖုံးလှလှလေးတွေနာသွားရင်တောင် ကျွန်တော်ဆိုတဲ့ကောင်က ကမ္ဘာပျက်နေပြီ*

*နမ်းရှုံ့ချင်တယ်၊ ထွေးပွေ့ထားချင်တယ်၊ ကုန်ကုန်ပြောရရင် ကျွန်တော့်ကိုယ်ကို အရေခွံနွှာပြီး သူ့ကိုခြုံပေးထားလိုက်ချင်တဲ့အထိကို ရူးမူးနေတာ*

*ဒါပေမယ့် သူ ကျွန်တော့်ကို သစ္စာဖောက်တယ်*

*ဒီနေ့ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်နဲ့ စကားတွေရယ်ရယ်မောမောပြောနေတယ်*

*အဲ့ဒီအပျက်မကလည်း ကျွန်တော့်အပိုင်ကို ဟိုထိဒီတို့နဲ့ အသားယူနေတာများ နေရာမှာတင် လက်ကိုဖြတ်ပစ်ချင်စရာ*

*ဒါပေမယ့် စိတ်ပူစရာတွေ မလိုလောက်တော့ပါဘူး
အဲ့ဒီမိန်းမက သေရတော့မှာလေ*

"ကျွန်မကို လွှတ်ပေးပါ ရှင်လိုချင်တာ အကုန်ပေးပါ့မယ်"
"ပိုက်ဆံလိုချင်တာလား ဘယ်လောက်ဖြစ်ဖြစ်ပေးပါ့မယ်"
"ကျွန်မ မိဘတွေကပိုက်ဆံရှိပါတယ် ရှင်ဆန္ဒရှိတာအကုန်ဖြည့်စည်းပေးနိုင်ပါတယ် ကျွန်မကိုသာ လွှတ်ပေးပါ"

"ဂျောင်ယွန်းဟိုကို ပေးနိုင်လား"

"ရှင်?"

"ငါလိုချင်တာ နင်မနေ့က အီစီကလီလုပ်ခဲ့တဲ့ ဂျောင်ယွန်းဟိုလေ"

"ယွန်း..ယွန်းဟိုနဲ့ကျွန်မက ဘာမှမဟုတ်ပါဘူး ဒီတိုင်း အ..အသိတွေပါ"

Cᴀɴᴄᴇʀ's sᴄʀɪᴘᴛ ☁︎Where stories live. Discover now