နတ်ဆိုး

9.9K 596 18
                                    

အပိုင်း-၇

××××××

ကျွန်တော် ပါလာသည့် စားစရာများနှင့် ပစ္စည်းများကို အခန်းအတွင်း သေချာစွာ ထားပြီး မောပန်းလာသဖြင့် ကုတင်ပေါ်ပစ်လှဲချလိုက်သည်,, ကုတင်နံရံပေါ်က မျက်နှာကျက်မှာ ချိတ်ဆွဲထားသည့် တန်းဖိုးကြီးပြီး ခန်းနားလွန်းသည့် မီးဆိုင်းက မီးရောင်များဖြင့် လှပလွန်းသည်,,, အခုတလော ကျွန်တော် တို့ ခရီးထွက်ဖြစ်ကြသည်,,, ခရီးထွက်ဖြစ်တယ်ဆိုတာထက် yunho က သူ့ရဲ့ နေရာတိုင်းမှာ ရှိတဲ့ hotel များကို လိုက်ပြီး စစ်ဆေးနေသော်ကြောင့်ပငိ,,,သူက တစ်နှစ်တစ်ခါ လုပ်ငန်းအားလုံးကို စစ်ဆေးတတ်သူတဲ့,,, သူက အလုပ်နဲ့ဆိုပေမယ့် ကျွန်တော့် အတွက်တော့ မရောက်ဖူးတဲ့ အပန်းဖြေနေရာများကို ရောက်နေရတော့ အရာအားလုံးက အထူးအဆန်းနှင့် အသစ်အဆန်းလိုပင်,,, အခုလည်း ဟာဝိုင်ရီက သူပိုင်သည့် ကြယ်ငါးပွင့် hotel ကို ရောက်နေခြင်းပင်,,, အခုရောက်သည့် hotel က ဘယ်ခုမြှောက်မှန်းမသိ,,, 5 ခုမြှောက်လား,,, 6 ခုမြှောက်လား ကျွန်တော် မသိတော့,,,သူ တော်တော် ချမ်းသာသည်တော့ ကျွန်တော် တဖြေးဖြေး သိလာသည်,,, ပြီးတော့ ကျွန်တော် သူ့ရဲ့ မရေတွက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ,,, တစ်ခါတစ်လေ ဒါတွေ အားလုံး သူ ဘယ်လို စီမံအုပ်ချုပ်လဲဆိုသည့် အံ့သြော်စိတ်နှင့်အတူ အသက် 28 နှစ်အရွယ် သူ့အသက်နှင့် ဒီလောက်စွမ်းဆောင်နိုင်တာကိုလည်း ချီးကျုးမိသည်,,, ကျွန်တော်သာဆို ရူးမှာပင်,,,, ကျွန်တော် အသက်ကို ပုံမှန်ရှုထုတ်ပြီး ကုတင်ဘေးရှိ အခန်းမှန်တခါးမှ မြင်နေရသည့် ရေပြင်ကြီးကို ကြည့်ပြီး စိတ်ထဲ လမ်းဆန်းနေသလိုပင်,,, ကျွန်တော် ကုတင်ပေါ်မှ ထကာ အခန်းပြင်ရှိ လသာဆောင်ရှိရာ လျှောက်သွားလိုက်သည်,,, ညအမှောင်မို့လို့ထင် မီးရောင်များကြား မှုန်ဝါးဝါးရေပြင်ကြီးက လှိုင်းလုံးများကြောင့် လှပနေသလို,,, လှိုင်းသံနှင့် ရေစီးသံက သံဇဉ်တစ်ခုပမာ ငြိမ့်ညောင်းလွန်းလှသည်,,,, ကျွန်တော် လက်က နာရီကို ကြည့်တော့ ည7နာရီရှိနေပြီ,,,သူ ပြန်မလာသေးဘူး,,, မနက်တည်းက ဒီကို ခရီးဆကိပြီး ညနေလောက်ရောက်တော့ သူက မနားပဲ ချက်ချင်း သူ့ ရုံးရှိရာသွားသည်လေ, ,,,, လေတိုက်သည့် ခပ်ကြမ်းကြမ်းလေက ကျွန်တော့် မျက်နှာနှင့် ကျွန်တော့် တစ်ကိုယ်လုံးကို တစ်ချက်တစ်ချကိတုန်ရီစေသည်,,, ကျွန်တေိာ အခန်းထဲဝင်ပြီး အနွေးထည်တစ်ထည်ယူဝတ်ရင် ပိုကောင်းသော်လည်း ညအလှ၏ ရှုခင်းနှင့် လှိုင်းသံက ကျွန်တော့်ကို ဆွဲဆောင်နေသလို,,, ကျွန်တော် ဝတ်ထားသည့် အပေါ်ဝတ်ခပ်ပါးပါးကို အနည်းငယ်လုံအောင်စေ့ပြီး လက်နှစ်ဖက်ကို ပိုက်ကာ ရေပြင်ကို ငေးမော ကြည့်နေမိသည်,,, အေးတယ်ဆိုမှ ,,,, ညနေက yunho ထွက်သွားတုန်းက အနွေးထည်မပါဘူးထင်,,, သူ ချမ်းနေမလား,,, တစ်ခါတစ်လေ သူ့ရဲ့ အလုပ်ကြိုးစားမူကို ကျွန်တေိာ အံ့သြော်မိသည်,,, လူအများပြောဆိုနေကြတဲ့ စီးပွားရေးvampire ဆိုတာ အမှန်ဆိုပေမယ့် သူ့ စိတ်ဓါတ်က သူ ကြိုးစားမူအတွက် တန်ရာကို ပြန်လိုချင်သည်,,,, ဒါကြောင့် လွယ်လွယ်နှင့် သူတပါးကို အလျှော့ပေးရမှာ သူ ဝန်လေးတတ်သူလေ, ,,, အခုလည်း ခရီးရောက်မစိုက် ချက်ချင်းအလုပ်လုပ်သည်,,, ကျွန်တော်တောင် hotel အခန်းမှာ ထိုင်စောင့်ရင်း ပင်ပန်းနေတာ သူက မပင်ပန်းသလို,,, အခုလည်း ကျွန်တော် အနားယူချင်နေပြီလေ, ,,, ဒါပေမယ့် သူ ပြန်မလာသေးတော့ အနားယူမရ, ,,,, မနေ့ညကလည်း သူ့ကြောင့် ကောင်းကောင်းအိပ်မရ, ,,, အိပ်တော့ပျော်ပါရဲ့ အိပ်ချိန်နည်းတာလေးပငိ,,, သိတယ်မို့လား jung yunho က ကျွန်တော့်ကို အပျင်းပြေကစားနေကျလေ, ,,, မနက်လည်း ခရီးဆက်ရမှာမို့ ပစ္စည်းသိမ်းနေတာနှင့် အလုပ်ရှုပ်နေတာမို့ ကျွန်တော် မနားမရ,,,,သူပြန်လာရင် ပင်လယ်ဆီသွားဦးမှာလား မသိ,,, ပြောမရဘူးလေ သူက တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် ည အချိန် ကျွန်တော် အိပ်ပျော်နေရာမှ သူ အလုပ်လုပ်ရမှာ အိပ်ချင်ပြေ ရေကူးရအောင်ဆိုပြီး ကျွန်တော့်ကို ညကြီးမင်းကြီး ချမ်းချမ်းစိမ့်စိမ့်နှင့် သူနှင့်အတူ ရေကူးခိုင်းသည်,,, အခုလည်း သူ ပြန်လာရင် ပင်ပန်းနေလို့ ဆိုပြီး ရေကူးမလားမသိ,,, ကျွန်တော် မကူးချင်တော့,, ကျွန်တော် အိပ်ချင်နေပြီလေ, ,,,

နတ်ဆိုးWhere stories live. Discover now