ᴀ ᴄᴜᴘ ᴏғ ᴄᴏғғᴇᴇ ( ᴏɴᴇ sʜᴏᴛ )

113 12 2
                                    

ကြာလိုက်တာ..3:00နာရီတောင်ထိုးနေပြီ ဟို့နေ့လည်12:00နာရီထဲကမမနဲ့နေ့လည်စာတူတူစားချင်လို့မမသင်တန်းအရှေ့ထိလာစောင့်နေတာ3:00နာရီသာထိုးသွားတယ်မမကတော့အခုထိသင်တန်းထဲကမထွက်လာသေးဘူး ၊ မနက်ကဖုန်းဆက်‌တော့လဲသင်တန်းရှိတာမို့သင်တန်းသွားအုံးမယ်ဆိုပြီးပြောသွားတာ အခုစာပို့တော့လဲစာမကြည့် ဖုန်းဆက်တော့လဲဖုန်းကစက်ပိတ်ထားတယ် ဟူးးး‌မမရေကျွန်တော်ကိုစိတ်ပူအောင်လုပ်နေတာလားဗျာ

မမနဲ့ကျွန်တော်အကြောင်းကိုပြောပြရမယ်ဆိုရင် မမနဲ့ကျွန်တော်နဲ့တွဲလာတာ 1 နှစ်ကျော်ပြီ 1နှစ်အတွင်းမမနဲ့အပြင်ထွက်ဖို့နေနေသာသာဖုန်းတောင်ကောင်းကောင်းမပြောရပေ ဒါမဲ့ဒီနေ့တော့‌ နေ့လည်စာတူတူစားဖို့ချိန်းတာကိုမမဘက်ကအသာတကြည်လက်ခံလိုက်သည် ပုံမှန်ဆိုမမကဖုန်းဆက်တိုင်းလဲမမကမအားသေးဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့ကျွန်တော်ဖုန်းကိုအမြဲချပစ်တတ်သည် ၊ 1 လနေလို့ဖုန်းပြောရတဲ့အချိန်ဟာ 3 ခါသာရှိသည်သို့သော်ကျွန်တော်သည်မမအပေါ်ဘာစိတ်နဲ့မှသံသရမဝင်ခဲ့ပါ မမ မအားလို့ ဖုန်းပြောလို့အဆင်‌မပြေလို့ဟုသာတွေးသည် အခုလဲမမကိုနေ့လည်စာစားဖို့ပြောထားတာနေ့လည် 3:00 တောင်ရှိပြီသင်တန်းထဲကနေမထွက်လာသေးချေ ၊ ကျွန်တော်လဲဗိုက်ကဆာ‌‌နေပြီမို့မမကိုဆက်ပြီးစောင့်ရမလား အစာပြေတစ်ခုခုဘဲသွားစားလိုက်ရမလားတွေဝေနေတုန်း...... ဟော....ဟိုမှာလာပါပြီ ကျွန်တော်ရဲ့သိပ်ချစ်ရတဲ့မမ...ဒါမဲ့ဘာလို့မမကတစ်ခြားယောင်္ကျားလေးတစ်ယောက်ရဲ့လက်ကိုကိုင်ထားရတာလဲ ၊ အရင်တစ်ခါကကျွန်တော်ကမမ‌လက်လေးကိုကိုင်တာတောင်မမကမကြိုက်လို့ဆိုပြီးနောက်မကိုင်ဖို့ပြောတာ အခုကြဘာလို့မမတို့နှစ်ယောက်ကလက်တွဲထားရတာလဲ တကယ်ပါကျွန်တော်နားမလည်နိုင်တော့ချေ.....

မမ...ဒါနဲ့သူက?

အော်မောင့်ကိုမိတ်ဆက်ပေးရအုံးမယ် သူကမမတို့သင်တန်းကစီနီယာလေ နာမည်ကဟီဆွန်းတဲ့အကိုဟီဆွန်းဒါက Y/n ရဲ့မောင်လေးလေ နာမည်ကဂျောင်ဝန်းတဲ့

တွေ့ရတာဝမ်းသာပါတယ်ဂျောင်ဝန်း အကို့နာမည်ကဟီဆွန်းပါ Y/n ရဲ့မောင်လေးဆိုတော့ အကို့ရဲ့မောင်လေးတစ်ယောက်လိုဘဲပေါ့ တွေ့ရတာတကယ်ဝမ်းသာပါတယ်နော်

ᴀ ᴄᴜᴘ ᴏғ ᴄᴏғғᴇᴇ (ᴏɴᴇ sʜᴏᴛ)Where stories live. Discover now