Intro

4K 222 10
                                    

"🦋 𝑬𝒎𝒑𝒊𝒓𝒆 𝒐𝒇 𝑨𝒔𝒕𝒆𝒓𝒐 𝒂𝒏𝒅 𝑯𝒊𝒔 𝑬𝒎𝒑𝒓𝒆𝒔𝒔 🦋 "

မျှော်နေကြမယ်လို့ ထင်တဲ့ Duchess Of Viscount ရဲ့ S2 မိတ်ဆက်ပါရှင်။ နာမည်ကိုတော့ 𝑬𝒎𝒑𝒊𝒓𝒆 𝒐𝒇 𝑨𝒔𝒕𝒆𝒓𝒐 𝒂𝒏𝒅 𝑯𝒊𝒔 𝑬𝒎𝒑𝒓𝒆𝒔𝒔 လို့ ပေးထားပါတယ်။ Modern ခေတ်နဲ့ UK နိုင်ငံကို အခြေခံမယ့် Fiction တစ်ပုဒ်ဆိုပေမယ့် ယနေ့ခေတ် UK နိုင်ငံ ရဲ့ ဘုရင်၊ လူပုဂ္ဂိုလ်၊ နန်းတော်၊ တော်ဝင်မိသားစု၊ သမိုင်းကြောင်း စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိ ကိုယ်စားပြုခြင်းမရှိတဲ့ စိတ်ကူးယဥ်သက်သက် စာပေတစ်ခုသာဖြစ်ပါတယ်ရှင်။ မိတ်ဆက်စာလေးက ရှည်မှာမို့ သေချာလေးဖတ်ပေးပါဦးနော်။

UK နိုင်ငံရဲ့ နန်းတော်၊ Astero Palace (အက်စတိုပဲလေ့စ် ) ကို Dermetris Vasha Kendrick (ဒိုင်မန်ထရစ်စ် ဗာရှာ ကန်းထရစ်) ဆိုတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်ပါတယ်။ Dermetris ဘုရင်မှာ

Dray Philip Kendrick ဆိုတဲ့ သားအကြီးနဲ့
Zarak Philip Kendrick ဆိုတဲ့ သားအငယ်ရှိပါတယ်။

ဓလေ့ထုံးစံအရ ဘုရင်ကြီး မရှိတော့ရင် သားအကြီးဖြစ်တဲ့ Dray က ထီးနန်းဆက်ခံရမှာဖြစ်ပြီး အဲ့ဒီအပေါ် သားအငယ် Zarak က လုံးဝမကျေနပ်သူပါ။ မကျေနပ်ရခြင်းကလဲ ထီးနန်းလိုချင်လို့ဆိုတာထက် နိုင်ငံရဲ့ဧကရာဇ်ဖြစ်မှ သူလုပ်ကိုင်နေတဲ့အရာတွေအပေါ် မည်သူတစ်ဦးတစ်ယောက်ကမှ ချုပ်ကိုင်ထိန်းနိုင်ခြင်း မရှိတော့မှာမို့ပါ။

သားအကြီးဖြစ်တဲ့ Dray က အနေအေးပြီး ရှေးဟောင်းသုတေသန လုပ်ငန်းရပ်တွေကိုသာ စိတ်ဝင်စားသူဖြစ်တဲ့အတွက် ခရီးသွားလာရင်း ခရီးဖော် မိန်းကလေး သာမာန်အရပ်သားတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဘုရင်ကြီးက သဘောမတူတဲ့နောက်မှာတော့ တော်ဝင်မင်းသားဆိုတဲ့ ဂုဏ်ဒြပ်ကိုစွန့်လွှတ်ခဲ့ပြီး သာမာန်လူအဖြစ်နဲ့ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့နေထိုင်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။

သားအကြီးမရှိတော့တဲ့အတွက် သားငယ် Zarak က အလိုအလျောက် ထီးနန်းမွေဆက်ခံမယ့် အိမ်ရှေ့စံအဖြစ် ရောက်လာခဲ့ပြီး သူ့မှာ Norok Philip Kendrick ဆိုတဲ့သားတစ်ယောက်လဲ မွေးဖွားခဲ့ပါတယ်။ နှစ်ပေါင်း ၂၈ နှစ်အကြာမှာတော့ ဘုရင်ကြီးက သားအကြီးရဲ့မိသားစုကို ပြန်လည်ရှာဖွေ Astero နန်းတော်ကို ခေါ်ယူပြီး အရိုက်အရာကိုပြန်လည်ပေးအပ်ခဲ့တာကြောင့် ထီးနန်းကိုဆက်ခံမယ့်သူဟာ သားအကြီး Dray ပြန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သားအကြီး Dray က သုတေသီအဖြစ်နဲ့သာ ကျန်ဘဝကို ဖြတ်သန်းလိုတာမို့ သူ့ရဲ့သားဖြစ်တဲ့ Isaac က ထီးနန်းဆက်ခံရမယ့် အိမ်ရှေ့စံအလျောင်းအလျာ ဖြစ်လာခဲ့ပါတယ်။

ဒါကို မရှုစိမ့်နိုင်တဲ့ Zarak နဲ့ သူ့ရဲ့သား Norok က Dray နဲ့ Isaac ကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလာပြီး အသက်အထိခြိမ်းခြောက်လုပ်ကြံလာတဲ့အခါမှာ.......

ကျန်တဲ့အသေးစိတ်ကိုတော့ စရေးတဲ့အခါမှာ သေချာထပ်မံမိတ်ဆက်ပေးပါမယ်ရှင်။ မင်းသစ်ကောင်းယံဆိုတဲ့ ဇတ်ကောင်ကတော့ နာမည်ပြောင်းလဲခြင်းမရှိပေမယ့် Isaac ကတော့ အလယ်ကနာမည်တစ်လုံးပြောင်းလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပြန်လည်ဝင်စားလာတဲ့လူဖြစ်နေလို့ပါ။ ရေးဖို့ကတော့ နည်းနည်းထပ်စောင့်ပေးပါဦးနော်။ အကြောင်းအရာပေါ်လာတုန်း မိတ်ဆက်တာပါ။

Note - Cover Pic ကိုတော့ S1 မှာအရှင့်သားရဲ့ပုံကိုသုံးထားတာမို့ S2 မှာတော့ ကောင်းယံရဲ့ပုံလေးကိုသုံးထားပါတယ်ရှင်

🦋 𝑬𝒎𝒑𝒊𝒓𝒆 𝒐𝒇 𝑨𝒔𝒕𝒆𝒓𝒐 𝒂𝒏𝒅 𝑯𝒊𝒔 𝑬𝒎𝒑𝒓𝒆𝒔𝒔  🦋Where stories live. Discover now