Part 3

494 34 4
                                    

Unicode

*ဟက်ချိုး*

*ဟက်ချိုး*

နှာတွေချေနေတဲ့ ကြင်ယာတော်ဝမ်ကြောင့် ကြင်ယာတောင်နန်းဆောင်ထဲမှာရှိသမျှရံရွေတော်တွေအကုန်ပြာယာခပ်နေကြတယ်...ဘာကြောင့်ဆိုကြင်ယာတော်နာမကျန်းဖြစ်တာနဲ့ ခေါင်းဖြတ်မယ်ဆိုတဲ့ ဧကရာဇ်ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်ပင်...

ရံရွေတော်တွေပြာယာခပ်နေသလိုပဲ ရိပေါ်လည်းရင်ထဲမှာပြာယာခပ်နေရတယ်...အဓိကတရားခံကတော့ မနက်ခင်းညီလာခံကိုဖျက်ပြီးဘေးမှာ ဆေးလာတိုက်နေတဲ့ ချစ်ရသူကြောင့်ပင်...ဆေးကခါးလွန်းလို့ငြင်းချင်ပေမယ့် အရှင်ကိုယ်တိုင်လာတိုက်..အဲလေ..သူဖျားရင် ရံရွေတော်တွေဒက္ခရောက်မှာဆိုးလို့ ကြိတ်မှိတ်ပြီးသောက်နေရတယ်...ဆေးတစ်ခွက်တိုက်လို့ကုန်သွားပြီးချိန်မှာ ဘယ်သူမှစကားမပြောဖြစ်ဘဲတိတ်ဆိတ်နေတာမို့ စကားပြောဖို့ပါးစပ်ထဲဝင်လာတဲ့ သကြားလုံးလေးကြောင့်အရှင့်ကိုမေ့ကြည့်လိုက်မိတယ်...

"ဝမ်...​ဆေးသောက်ပြီးခါးနေမှာပေါ့ ခံတွင်းလေးချိုသွားအောင် သကြားလုံးလေးစားလိုက်နော်..."

အရှင်ချော့မော့ပြီးပြောလိုက်တဲ့ စကားသံဟာ ကျွန်တော်စားနေတဲ့ သကြားလုံးထက်ပိုချိုနေမှန်းရောသိပါရဲ့လား အရှင်ရယ်...

"အဟမ်းအဟမ်း...ဝမ်ရယ်..ကိုယ်ချောတာသိပေမယ့် အဲ့လောက်ကြီးမစိုက်ကြည့်ပါနဲ့လား ကိုယ်မနေတက်လို့ပါ..."

အရှင့်ပြောစကားကြားမှရိပေါ်သတိပြန်ဝင်လာပြီး အကြည့်လွှဲလိုက်ချိန် အမှတ်တမဲ့တွေ့လိုက်ရတာလေးကြောင့် ဝမ်ပြုံးလိုက်မိတယ်...အရှင်ကရှက်နေတယ်တဲ့လား..အရှင့်ရဲ့မျက်နှာအရောင်ဟာမပြောင်းလဲပေမယ့် နှားနှစ်ဖက်ဟာတော့နီရဲရဲ...

...........

ရှောင်ကျန့်  ဝမ်ဖျားမလိုဖြစ်နေတယ်ဆိုတဲ့ စကားကိုကြားပြီးပြီးချင်း ညီလာခံကိုထားခဲ့ပြီး ဝမ့်ရဲ့ နန်းဆောင်လေးမှာနေရင်း ဝမ့်ကိုဆေးတိုက်နေခဲ့တယ်...ဆေးတိုက်ပြီးလို့ဝမ့်ကိုသကြားလုံးခွံလိုက်တော့ မျက်လုံးကလေးပြူးပြီးကြည့်နေမုံ့ဟာအသဲယားစရာလေး..ပါးစပ်ထဲထည့်ငုံပစ်ချင်စိတ်ပေါက်လာမို့ စိတ်ကိုပြန်ထိန်းကာ ချောင်းအသာဟန့်လိုက်တော့ ဝမ်ကဘာကိုသဘောကျသွားလဲမသိ တောက်​တောက်ပပအပြုံးတစ်ပွင့်ကို ပေးကမ်းလာတယ်...ဝမ်ပြုံးလိုက်တယ်!?...ဝမ်ပြုံးတာအရမ်းကြည့်ကောင်းလွန်းတယ်အရမ်းလှလွန်းတယ်...လှတယ်လို့မသုံးသင့်မှန်းသိပေမယ့်အရမ်းလှတယ်...လူလေးကလည်းလှသလို စိတ်ထားလေးကလည်းလှတယ်..သူမူလပိုင်ရှင်ကို အရမ်းမနာလိုဖြစ်မိတယ်...ဒီလိုအလှလေးတစ်ယောက်ကို ပိုင်ဆိုင်ထားလို့..ဒီအလှလေးရဲ့နှလုံးသားကိုလည်းပိုင်ဆိုင်ထားလို့...အားကျတယ် မနာလိုတယ်....

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

ရှောင်းဧကရာဇ်၏ကြင်ယာတော်ဝမ်Where stories live. Discover now