"မောင်မောင်"
"ဗျာ"
"ဖေဖေကလေးလေး မျက်နှာလည်းမကောင်းပါလား ဘာဖြစ်နေတာလဲကွယ်"
"ဒီတိုင်းပါပဲဖေဖေရာ မောင်မောင်နေမကောင်းလို့ပါ "
"တစ်ခုခုဖြစ်ရင် ဖေဖေကိုပြောနော် ကြိတ်မခံစားနဲ့"
"ဟုတ်တယ် မောင်မောင် မောင်မောင်ဖေဖေပြောသလိုပဲ ကြိတ်မခံစားနဲ့ မေမေရော ဖေဖေရော မောင်မောင်အနားမှာရှိတယ်နော်"
နှောင်းတစ်ယောက် လက်ဖက်ပန်းကန်လေးဖြင့် နောက်ဘေးမှ ထွက်လာတာ စာပွဲခုံပေါ်တင်ပေးရင်း ပြောလိုက်သည်။
"ဟန်လည်းရှိတယ်နော် တစ်ခုခုဖြစ်ရင် ဟန်ကိုလည်းပြော"
"ကျေးဇူးပါ ကြည်သာ"
ထိုအချိန်တွင် ပေါက်စီတစ်ယောက် အပြေးမောင်မောင်တို့ခြံထဲသို့ ၀င်လာလေသည်
''မောင်မောင်ရေ မောင်မောင်"
"ဟာပေါက်စီ အော်ကြီးဟစ်ကျယ် ဘာဖြစ်နေတာလဲ သရေကွင်းပစ်မလို့လား ငါမဆော့သေးဘူး"
"ဟာ မောင်မောင်ကလည်းဗျာ သားပြောတာကို အရင်နားထောင်ပါအုံး"
"အောင်မာ ၉နှစ်ပဲရှိတဲ့ လက်တောက်လောက်လေးကများ လူကြီးစကားလာပြောလို့ ပြောဘာလဲ"
"မောင်မောင်တို့အိမ်မာရောက်နေတဲ့ မြို့ကမမနဲ့ မမနွယ့်ကို အစောတို့အဖွဲ့ ဖမ်းသွားကျတယ်"
"ဘာ"
"ဘုရားဘုရား"
"ဘာ ဘယ်ကိုခေါ်သွားတာလဲ ပေါက်စီ"
"ရွာထိပ်က ဆန်စက်အပျက်ကြီးထဲ"
"နိုင်စောလင်း နင်သေနေ့စေ့ပြီ"
မောင်မောင်ပြောပြီး အိမ်ပေါ်သို့ပြေးတက်သွားသည် ပြန်ဆင်းလာတော့ လက်ထဲမာ ငှက်ကြီးတောင် ဓားပါလာသည် အသဲအသန် ပြေးထွက်သွားသောကြောင့် ကြည်သာလည်း မောင်မောင်နောက်ပြေးလိုက်သွားတော့သည်။
''မောင်လုပ်ပါအုံး ကိုယ်ကျိုးတွေနည်းကုန်တော့မာပဲ"
"မ သက်ဆိုင်ရာကို ဖုန်းဆက်ပြီး လိုက်လာခဲ့နော် မောင် မောင်မောင်နောက်ကို လိုက်သွားမယ်"