EP(2)

366 16 2
                                    

//သူမကသိပ်လှသည်//

-----------------------------------

ဖေဖော်ဝါရီ၁၆,၂၀၁၈

သာမန်နေ့များထက်ကျောင်းသို့ကျွန်မနောက်ကျမှရောက်သွားခဲ့ရသည်....မနက်ကအိပ်ယာထနောက်ကျ၍ကမန်းကတန်းပင်ထကာပြင်ဆင်ခဲ့ရသောကြောင့်ကျွန်မဆံပင်များကပွယောင်ယောင်။

အတန်းထဲသို့ရောက်သော်ကျောင်းသားအများစုရောက်နေကြလေပြီ။

"လွန်းမေ....ခေါင်းမဖီးခဲ့ဘူးလား....ရှုပ်နေတာဘဲကျောင်းကထွက်မပြေးပါဘူး.....မလောပါနဲ့ဟဲ့နောက်မကျသေးပါဘူး"

ငယ်သူငယ်ချင်းဖြစ်သူနွယ်သစ္စာကအတန်းထဲဝင်ထိုင်ထိုင်ခြင်းပင်စီးပြောတော့သည်။ယခု(၉)တန်းထိအခန်းအတူတူပင်ကျခဲ့ကြသောကြောင့်ခုံခြင်းလဲအမြဲကပ်ရပ်။တစ်ခါတစ်လေနွယ်သစ္စာကိုအမြင်ကတ်ပါသည်။ကျွန်မ၏မိဘများတောင်သူ့လောက်ကျွန်မအားမဆူမငေါက်မည်မထင်။ကျွန်မမိဘများထက်ပင်ကျွန်မအားဆုံးမသောကြောင့်တစ်ခါတစ်ခါအဘွားလို့ပင်ချစ်စနိုးစနောက်တတ်ပါသည်။

"သိပါတယ်....ဆရာမလုပ်ပါနဲ့...လောတာမဟုတ်ဘူး...အချိန်အတိအကျလာချင်လို့ပါနော်....နင့်လိုအချိန်မလေးမစားလုပ်တဲ့သူမဟုတ်ဘူး"

"အမလေး....ပြောရက်လိုက်တာ...အချိန်မလေးစားတာမဟုတ်ပါဘူး...ငါကအချိန်ကိုဆန့်ဆွဲကြည့်တာပါနော်"

ကျွန်မတစ်ခုပြောလျှင်ဆယ်ခွန်းလောက်ပြန်ပြောတတ်သည်ကောင်မလေးပင်။သူမ"မရှိလျှင်လဲပျင်းဖို့ကောင်းသလိုရှိနေလျှင်လဲနားငြီးရပါသည်။

"ဒါနဲ့ငါတို့ecoဆရာမပြောင်းသွားတာသိလား...(B)ခန်းရောက်သွားတာ"

"ဟင်....ဘာလို့ပြောင်းတာလဲကျောင်းတွေတောင်ပိတ်တော့မှာကို"

"ပြောနေကြတာကတော့ဆရာမအသစ်ကျောင်းကိုရောက်တာတဲ့....နေရာပေးတာဒီအတန်းကိုရောက်လာမှာတဲ့....ecoဆရာမကနောက်ခန်းရောက်သွားတာ"

"အော်အဲ့လိုလား....ကျက်စာတော့ကိစ္စမရှိပါဘူး...တွက်စာတွေကျတာ့ပြောင်းလို့မရဘူး...အခုဆရာမတွေသင်တာဘဲနားလည်တယ်"

ဟုတ်တော့ဟုတ်သည်။ကျက်စာကကိစ္စမရှိပေမယ့်တွက်စာတွေကျဆရာမတွေပြောင်းနေလျှင်အဆင်မပြေ။သင်ပြပုံသင်ပြနည်းကတူလျှင်ကိစ္စမရှိ။မတူလျှင်ကျောင်းသားများဒုက္ခရောက်သည်။စာတစ်ပုဒ်ကိုတစ်မိနစ်နဲ့တွက်ပြပြီး"ပြီးသွားသောဆရာမမျိုးဆိုပို၍ပင်အဆင်မပြေ။

ချစ်ရသော နွေWhere stories live. Discover now