"ဘာမှ မဖြစ်ပါဘူး..ခြေချင်းဝတ်လည်သွားတာပါ။ပေးလိုက်တဲ့ဆေးကို မနက်တစ်ခါ ၊ညတစ်ခါ သေချာ လိမ်းပေးရင် ပျောက်သွားမှာပါ။ပြန်ရင် ကောင်တာမှာ ဆေးယူသွားလိုက်နော် "
ဆရာဝန်က သူ့ခြေထောက်ကို ဆေးပတ်တီးစည်းပေးရင်း ရှင်းပြရှာသည်။
အေးချမ်းတဲ့ သူ့ဘဝထဲကို ဘယ်က ဘယ်လိုဝင်လာမှန်းမသိတဲ့ လူကြီး.. ကောင်းကျိုးကိုမပေးဘူး..အဲ့လူကြီးကျေးဇူးနဲ့ သူကတော့ ပတ်တီးကြီးနဲ့ တကားကားဖြစ်နေအုန်းတော့မှာပဲ...
အစကကျ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ တကယ်ပဲ စိတ်ပူတာလိုလိုနဲ့ ပြီးတော့လဲ ဘာမှမဟုတ်ဘူး ..
ခုကျတော့ အရိပ်တောင်မမြင်ရတော့ဘူး ..ပြေးလိုက်တာ တန်းနေတာပဲ...
ခင်ဗျား ကျွန်တော့်ရှေ့ကို ထပ်မပေါ်လာရင် ကောင်းလိမ့်မယ် ...ထပ်ဆုံဖြစ်ရင် ..ချီးးးသေစမ်း TaeHyung မင်းက ထပ်ဆုံချင်သေးတာလား...
"နောက်တစ်ယောက် ဝင်လို့ရပါပြီ"
ဟုတ်သားပဲ ..အဲ့လူကြီးအကြောင်းတွေးနေတာနဲ့ ဆရာဝန်တောင်မေ့နေပြီ...သူလဲ အားနာနာနဲ့ သွားဖြဲပြရုံသာ တတ်နိုင်တော့သည်။အဲ့ဒါ ခင်ဗျားကြောင့် ...ခင်ဗျားကြောင့်...။
"ဟုတ် ခွင့်ပြုပါအုန်း ဒေါက်တာ"
ခေါင်းတစ်ချက်ညိတ်ပြလာတဲ့ ဆရာဝန်ကို ပြန်ပြုံးပြရင်း ထော့နဲ့ ထော့နဲ့ ဖြင့် လိုက်ကာကို ဖယ်ကာ ထွက်လာလိုက်သည်။ကောင်တာမှာဆေးဝင်ယူပြီး တိုက်ခန်းပဲ ပြန်လာလိုက်တော့သည်။
ရောက်ရောက်ချင်းပတ်တီးဖြုတ်လိုက်ပြီး ရေမိုးချိုးလိုက်သည်။ထို့နောက် ဗိုက်ဆာပေမဲ့ ချက်ထားတာ မရှိတာမို့ ရေသောက်ကာ ဗိုက်ဖြည့်လိုက်တော့သည်။
Jiminမှ မရှိတာ~
စိတ်ညစ်ညစ်နဲ့ ဗီဒီယိုဂိမ်းထိုင်ဆော့နေလိုက်သည်။ဧည့်ခန်းကိုလဲ မဖွမဖြစ်ပေါ့...Jiminလာမှ ရှင်းပါလေ့စေ။ ဒီနေ့ သူ့ကိုလဲ စိတ်ကောက်တယ်...
ဘာမှမဆိုင်လဲကောက်မယ် ဘာဖြစ်သေးလဲ..ဟွန့်။
Jiminတစ်ယောက် တိုက်ခန်းရောက်ရောက်ချင်း အမောစို့သွားသည်။အမြန်ပဲ စောင်သွားယူပြီး ပေါင်ပေါ် ဒူးပေါ်ဖြင့် ဖြစ်ချင်သလိုဖြစ်နေသော အကောင်ပေါက်ကို လွှားပေးလိုက်သည်...
YOU ARE READING
What Next?
Fanfictionကျွန်တော်က ခင်ဗျားရဲ့ညီပျော်ရွှင်ဖို့အတွက် အသုံးချခံသက်သက်ဖြစ်ခဲ့တာလား.. မင်းကို မမုန်းပေမဲ့ ငါ့ညီနာကျင်နေတာမြင်ရတိုင်း အသည်းထဲကနေ စူးပြီးနာတယ်.. Idol Imageအားထိခိုက်စေလိုစိတ်လုံးဝမရှိပါ... December Present ကျွန်တော်က ခင်ဗျားရဲ့ညီပျော်ရွှင်ဖို့အတွက...