ညို
အပိုင်း (၁)
Author - Khun Thar Cho"ရပ်ပါအုံးဗျို့...ရပ်ပါအုံး...."
ဖုန်လူးလူးထအောင် ဂဝံလမ်းအတိုင်းမောင်းလာသည့် ထော်လာရီတစ်စီးအား မျိုးနောင် အနောက်မှ လိုက်အော်တားသည်။
"ရပ်...ရပ်ပါအုံး...."
အော်ရင်း ပြေးလိုက်ရင်း ထော်လာရီ ရပ်သွားချိန်တွင် မျိုးနောင် မောဟိုက်နေသည်။
ထော်လာရီပေါ်မှ အင်္ကျီကွက်သစ်နှင့် ပဝါခေါင်းသို့ပေါင်ထားသူ တစ်ဦးက
"ဟေ့....ဘာဖြစ်လို့လဲဟေ့.."
"ဒီထော်လာရီက ကနောင်ချောင်းအနောက်က သာစည်ရွာကို ရောက်တယ်ဆိုလို့"
"ရောက်တယ်လေ...."
"ဒါဆို ကျွန်တော် လမ်းကြုံလိုက်ပါရစေ"
ထိုသူသည် မျိုးနောင်ကို ခနစိုက်ကြည့်သည်။
"လိုက်ခဲ့လေ အပန်းမှမကြီးတာ"
ထော်လာရီနောက်ပေါ်သို့ မျိုးနောင်တက်လိုက်လာသည်။
နှုတ်ခမ်းမွှေး မုန့်ဆိတ်မွှေးတို့ ပရပျစ်ထနေသော မျိုးနောင်ရဲ့အသွင်ကိုပြင် သူတို့ တစ်မျိုးတွေးထင်လေသည်။ ထင်ရက်မှားလောက်ပါပေသည်။ အဖြူရောင်လည်းကတုံးနှင့် အဝါကွက်စိပ်ပုဆိုးကို ဝတ်ထားသော်ငှား မျက်နှာထက်တွင် သပ်ရပ်စွာ ပြုဆင်ထားခြင်းမရှိ။
"ဦးလေးတို့က အဲ့ရွာသားတွေ့လား"
"ဟုတ်တယ်လေ"
"ဒါဆို ရွာအကြောင်းလေ နည်းနည်းလောက်ပြောပြပါလား ကျွန်တော်က ဧည်သည်ဆိုတော့ သိထားသင့်တာလေပေါ့"
"အိုး ဘာများသိစရာလိုလို့လဲ မောင်ရင်ရယ် တို့ရွာလည်း အခြားရွာတွေ့လို့ပါဘဲ"
"ဟုတ်လား"
"ဒါနဲ့ မောင်ရင်က ဘယ်သူဆီလာတာလဲ"
"ကျောင်းဆရာ ကောင်းမြတ်ဆီပါ"
"အော် ဆရာလေး အသိကို "
"ဦးလေးတို့က ကောင်းမြတ်နဲ့ ခင်ကြတာလား"
"ခင်ဆို ဆရာလေးက ရွာအပေါ်ဆို အတော်အနစ်နာခံရှာတာ တပည့်တွေ့အပေါ်ဆိုလည်း ဖခင်လို့ဘဲ ပြုစုစောင့်ရှောက်တက်သေးတယ်"
"သူပြောတော့ ရွာမှ လူတိုင်းကြောက်ရတဲ့ ဦးဘသိုက်ဆိုတာ ရှိတယ်ဆို"
"ရှိပါဗျာ သျှောင်ထုံးနဲ့ ဓားနဲ့"
"ဘာဖြစ်လို့လဲဗျာ"
"ဘာဖြစ်ကမှာလည်း ကိုမြို့သားရဲ့ ဦးဘသိုက်တို့က ချမ်းသာသလောက် ချစ်တီးကလည်း အတော်ကျတကို"
ထော်လာရီမောင်းသူက မျိုးနောက်အား စကားထောက်ကူသည်။
YOU ARE READING
ညို
Paranormalဆုံခွင့်ရသည့်အချိန်မှာ ကျွန်တော်ဆုံတွေခဲ့ရတယ်.... ကွဲရမဲ့အချိန်ရောက်တော့လည်း ကျွန်တော်တို့ ကွဲခဲ့ရတယ်... ညို....ညိုရော...ကျွန်တော်ရော ဘယ်သူမှားခဲ့ကြလဲ... သေချာကတော့ အထင်သေးတဲ့ရပ်ဝန်းမှာ ရွှေမကျင်နိုင်ဘူး...