UNICODE
Private ဂျက်လေယာဉ်တစ်စီး မြေပြင်နှင့်အလွန်နီးကပ်စွာပျံသန်းနေသောကြောင့် တိုက်အမြင့်ပေါ်ရှိလူများ၊လမ်းသွားလမ်းလာများနှင့်တကွ Shenကုမ္ပဏီကြီးထဲ၌အစည်းအဝေးတက်နေပါသော ရှမ်ချွမ်းရွေ့ပင် အံ့ဩမှင်သက်သွားရသည်။
အပြင်၌ လူတိုင်းရုတ်ရုတ်သဲသဲဖြစ်နေကြပြီး အဘယ်ကြောင့်များ ထိုဂျက်လေယာဉ်က ထိုသို့ ဒီနားတစ်ဝိုက်မှာပင် ဝဲနေရသလဲဆိုသည့်အကြောင်းကိုသိချင်နေကြပေသည်။
လေပွေအသေးစားလေး ရိုက်ခတ်သွားပြီးနောက် မြေပြင်ပေါ်က ငေးကြည့်နေတဲ့လူများပိုပို၍များလာခဲ့ကာ ဆူညံလှသော လေဒလက်သံနှင့်အတူ စက္ကူများနှင့်ပေါ့ပါးသော တခြားပစ္စည်းငယ်များပါ လေထဲသို့ ဝဲပါနေတော့၏။
လူတိုင်းဆံပင်များကလည်း လေပေါ်သို့ လွင့်ပျံနေကာ ထူးဆန်းသည့်မျက်နှာအမူရာများ ဖြစ်နေချေပြီ...
ပုရွက်ဆိတ်အုံကဲ့သို့များပြားလှသော လူများငြိမ်သက်သွားအောင် ဆွဲဆောင်နိုင်လိုက်သည်မှာ ထိုဂျက်လေယာဉ်ပေါ်ရှိ လူ၏ မိုက်ကရိုဖုန်းမှ စကားပြောသည့်သံပင်ဖြစ်တော့သည်။
"အာ...အာ..ဟယ်လို? ဟယ်လို testing 1! 2! 3! ကြားရလား? အားလုံး ကြားရလား?...အာ ဒါပင်မဲ့ ခင်ဗျားတို့ အားလုံး ကြားစရာတော့ မလိုပါဘူး"
ထိုအသံသည် လူအားလုံးကို ကြက်သေသေသွားစေသည်။သူတို့စိုးရိမ်နေကြသည့်အတိုင်း စစ်တပ်၏အရေးပေါ် noticeစာမျိုးလည်းမဟုတ်သလို...နိုင်ငံခြားတွေထဲကလို လူဆိုးဖမ်းဖို့မျိုးလည်း ဟုတ်မနေခဲ့ပါချေ။
ထိုအသံသည် အရမ်းကိုမှ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိလှသော အမျိုးသားတစ်ယောက်၏ အေးအေးလူလူအသံမျိုးပင်.....
"...ချွမ်းရွေ့...မင်းကိုယ်ပြောတာကို ကြားရလား?
ရွေ့ရွေ့....မင်းကိုယ့်ကို စိတ်ဆိုးနေတုန်းလား..ပေါင်ပေ့ ကလေးလေး...ကိုကိုမှားပါတယ်ကွာ..နော်..."မိုက်ကရိုဖုန်းကနေ အသံကဖြတ်သန်းစီးဆင်းလာရတာမို့ Ai စက်ရုပ်ကဲ့သို့ ခပ်ဩဩအသံမျိုးဖြစ်နေပင်မဲ့....အချစ်များ ပိုကာ လျှံကျလာတော့မတက်ပင် ထိုအမျိုးသားက ပြောနေလေ၏။
