Uni
အမြဲတမ်း ဆေးရုံဝန်းထဲက ချောကလက်ပူတစ်ခွက်ကိုသာဝယ်သောက်နေကျ သူ့အဖို့...ဒီနေ့မှ တက္ကသိုလ်ဝန်းနားက ဖြတ်သွားရင်း လမ်းဘေးဆိုင်ငယ်လေးကနေ ဝယ်ခဲ့မိတယ်။
အဲ့တော့မှ သူ့ပြဿနာဟာ စတော့တာပဲ။
ငွေရှင်းခါနီးမှ ပိုက်ဆံအိတ် အိမ်မှာကျန်ခဲ့တဲ့အဖြစ်မျိုး ခင်ဗျားတို့ရော ကြုံဖူးကြလား?
ရှက်လည်းရှက်တာမို့ ခေါင်းတစ်ခုလုံးအုံခဲရင်း မျက်နှာပူပူဖြင့် ဘဏ်ကဒ်နဲ့သာရှင်းရန်လုပ်တော့လည်း....
"အားနာပါတယ်ရှင်။ညီမတို့ဆိုင်က ငွေသားနဲ့ပဲလက်ခံလို့ပါ"
ဝန်ထမ်းကောင်မလေးကလည်း သူ့ကိုကြည့်ကာ ရှက်ဝဲဝဲဖြင့်။သူ့ပုံစံကလည်း ဆရာဝန်ဂျူတီကုတ်ဖြင့် Hot chocolate တစ်ခွက်ဖိုးတောင် မရှင်းနိုင်သလိုမျိုး.....
ကောင်တာမှာတင်ထားတဲ့ ချောကလက်ပူတစ်ခွက်ဟာ သူတို့နှစ်ယောက်အလယ်မှာ အနေရခက်စွာဖြင့်။
"ကျွန်တော်ရှင်းမယ်...."
သူ့ဘေးနားကို လာရပ်ပြီး ပိုက်ဆံပေးလိုက်တဲ့ကောင်လေးကြောင့် ချွမ်းရွေ့ကျေးဇူးတင်သွားပြီး လှည့်ကြည့်မိတော့.....တက္ကသိုလ်ကျောင်းသားအရွယ်ကောင်လေးတစ်ယောက်ဟာ မျက်နှာမှာ ဒဏ်ရာများဖြင့် ပြည့်နေပြီး သွေးစို့နေသော နှုတ်ခမ်းထောင့်စွန်းကြောင့် ချွမ်းရွေ့ပင်ကြည့်ရင်း ရေငတ်လာသလိုလို....
"ကျေးဇူးတင်ပါတယ်။အခုလို ကိုယ့်ကို ကူညီတဲ့အတွက်"
"မလိုပါဘူး...ချောကလက်ပူတစ်ခွက်ပဲကို"
"ကိုယ်ပြန်လွှဲပေးပါရစေ"
"ရန်ဖြစ်ပြီးလုလာတဲ့ပိုက်ဆံတွေ...ခင်ဗျားကိုလှူလိုက်တယ်လို့ သဘောထားလိုက်ပြီ! ပြန်ပေးစရာမလိုတော့ဘူး! ရပြီလား??"
"ဟို..ဒီလိုက...သိပ်မကောင်းဘူးထင်တယ်နော်။ ကိုယ့်နာမည်က ရှန်ချွမ်ရွေ့ပါ...နောက်တစ်ခါကြရင်တော့ ပြန်ဝယ်တိုက်ပါရစေ"
"ဒေါက်တာ ရှန်ချွမ်ရွေ့....? ကျွန်တော်ခင်ဗျားကိုသိတယ်! မှတ်ထားလိုက်ပြီ!!"
