" ခင် "

673 55 0
                                    

စိမ့်ခနဲအေးလာသည့် အဲယားကွန်းမှ လေကြောင့် လက်ဖျားတွေ အေးစက်လို့နေပြီ။ စာကျက်နေတုန်း အစ်မက အပြင်သွားဖို့ အဖော်လိုက်ပေးပါဟုခေါ်လို့သာ လိုက်လာခဲ့ရတာ ဘယ်ကိုသွားမည်လဲမမေးမိ။ ဖုန်းဆိုင်လာမယ်မှန်းသိရင် အင်္ကျီကို လဲဝတ်ခဲ့ပါတယ်။ အခုတော့ လက်တို ဘောင်းဘီတိုနဲ့ အေးနေရပြီ။ သူကတော့ ဖုန်းတွေကို မေးလိုက်မြန်းလိုက် ကြည့်လိုက်ပါပဲ။ ကျွန်မကတော့ ဘေးမှာရပ်လို့သာ နေနေရတယ်။ ခေါ်လာပြီး ကျွန်မကို အာရုံရှိရဲ့လားတောင်မသိတတ်။ မေ့များမေ့သွားသလားပဲ။
ဟိုကြည့်ဒီကြည့်လုပ်ရင်းပဲ အစ်မနောက်ကို တကောက်ကောက်လိုက်ရတယ်။

" ဒီမှာ ထိုင်စောင့်လို့ရတယ်မလား အစ်မ "

‌ကျွန်မဘေးနားကနေ လိုက်လာတဲ့ ဝန်ထမ်းအစ်မကို မေးလိုက်တော့ ခပ်ပြုံးပြုံးဖြင့်ပင် ကျွန်မကို 'ရပါတယ် ညီမလေး ' ဟု ပြန်ပြောတယ်။ ခုံမှာတင်ထားတဲ့ ရေဘူးကို ဖောက်ကာ ‌မော့သောက်လိုက်တယ်။ အေးလွန်းတော့ ကြက်သီးမွှေးညင်းတွေတောင် ထသွားသလားပဲ။

" ကော်ဖီသောက်ဦးမလား ညီမလေး "

စောနက အစ်မကပဲ ကျွန်မကိုလာမေးတယ်။ ခေါင်းငြိမ့်ပြလိုက်တော့ 'ခဏလေးစောင့်ပါ' လို့ဆိုကာ ထွက်သွားတယ်။ တကယ်ကို ခဏလေးအကြာမှာပဲ ကော်ဖီတစ်ခွက်နဲ့အတူ ထိုအစ်မပြန်ရောက်လာတယ်။

" သုံးဆောင်ပါဦး‌နော် "

" ကျေးဇူးပါ "

ကော်ဖီခွက်ကို ကိုင်လိုက်မှပဲ လက်ကအနွေးဓာတ်ရသွားသလိုခံစားရတယ်။ သောက်နေကျမဟုတ်တဲ့ ကော်ဖီချိုချိုက ဒီနေ့ကျမှ ထူးထူးဆန်းဆန်း သောက်လို့ကောင်းနေတယ်။ ခဏအကြာတော့ အစ်မတော်လေးက ကျွန်မနားကိုလာထိုင်တယ်။ သူလိုချင်တာ ရသွားပြီနဲ့တူပါတယ်။

" မောလိုက်တာအေ "

ကျွန်မလက်ထဲက ကော်ဖီခွက်ကိုဆွဲယူကာ အစ်မက မော့ချရင်း ပြောတယ်။

" မောရင် ရေသောက်လေ၊ ဘာလို့ သူများ ကော်ဖီလာလုနေတာလဲ "

လက်ထဲက ကော်ဖီခွက်ကို ပြန်ဆွဲယူရင်း ပြောတော့ ရှုံ့မဲ့သွားတဲ့ အစ်မမျက်နှာကြောင့် မျက်ခုံးပင့်ပြလိုက်တယ်။

အပိုင်းအစများWhere stories live. Discover now