𝐏𝐀𝐑𝐓 - 15

10.9K 1.3K 163
                                    

𝐙𝐀𝐖𝐆𝐘𝐈

Woo Binသည် စာတစ်စောင်ကိုချရေးနေသည် ။

ထိုစာထဲတွင် သူသဘောကျရသည့်ကောင်လေးကို သဘောကျသည့်အကြောင်းများ ဖွင့်ဟထားကာ အပြီးသတ်ပြီးသွားသည်နှင့် စာအိတ်ထဲသို့ထည့်လိုက်သည် ။

ပြီးမှ ပင့်သက်ရှိုက်မိလိုက်ကာ ဒီစာကို ပေးသင့်မပေးသင့်တွေဝေနေရသည် ။

သူ့၏ရောဂါအခြေအနေက ကုသ၍ပျောက်ကင်းမည်မဟုတ်ဘဲ သက်တမ်းကန့်သတ်ချက်ပါရှိနေကာ သူသည် အချိန်မရွေး မိသားစု၊သူငယ်ချင်း... ပြီးတော့ အဲ့ကောင်လေးကိုခွဲခွာသွားရနိုင်သည် ။
ထိုသို့ဆိုရင်တောင် သူသဘောကျသည့်အကြောင်းကို ထိုကောင်လေးကို ဝန်ခံသွားချင်သည် ။

လောကကြီးကနေ မစွန့်ခွာရခင် နောင်တတို့မရှိဘဲ လုပ်ချင်သည့်အရာများလုပ်သွားချင်သည် ။
ထိုသို့တွေးလိုက်တော့ သူ့၏စိတ်ဓာတ်သည်ပြန်လည်တက်ကြွလာကာ Taehyungက သူ့ဆီကိုလာလျှင် သူသဘောကျကြောင်းဖွင့်ဟထားသည့်စာလွှာကို ပေးရန်ရည်ရွယ်လိုက်သည် ။

သို့ပေမယ့် ကံတရားက သူ့ကိုရော Taehyungကိုရော မျက်နှာသာမပေးခဲ့ချေ ။
ထိုနေ့မှာပင် Taehyung၏အဖေက ဦးနှောက်အကျိတ်ကင်ဆာရောဂါနှင့် ဆုံးပါးသွားခဲ့ကာ အဖေကြောင့်ပူဆွေးသောကရောက်နေသော Taehyungသည် Woo Binကို အာရုံမရနိုင်တော့ပေ ။

အဖေ့၏နာရေးကို ပြုလုပ်ရပြီး သားအမိနှစ်ယောက်သည် ဆေးရုံစရိတ်များကြောင့် အိမ်ကြီးအိမ်ကောင်းကနေလည်း ပြောင်းရွှေ့ပေးရကာ လောကဓံရိုက်ချက်များသည် ဆက်တိုက်ဆိုသလိုကျရောက်ခဲ့သည် ။

ထို့ကြောင့် ကင်ဆာရောဂါသည်အဆောင်မှာ သိကျွမ်းခင်မင်သည့် Woo Binကို Taehyungမှာစိတ်ထဲမထည့်နိုင်တော့ပေ ။
အဖေကလည်း မရှိတော့သည့်အတွက် ဆေးရုံကိုရောက်ဖြစ်သည့်အကြောင်းတရားမှာလည်းမရှိတော့ဘဲ သူ့ကို ဆေးရုံမှာစောင့်မျှော်နေသည့် သူတစ်ယောက်ရှိသည်ဆိုတာကိုလည်း Taehyungမှာ ယောင်ယမ်း၍ပင်မတွေးမိ ။

" Jungkook ah...."

" အင်း..."

ပုံမှန်ထက် အသားအရောင်ဖြူဖျော့လာသော Woo Binသည် Jungkookက သူ့ကိုလာကြည့်သည့်အချိန်၌ Taehyungအတွက် ရည်ရွယ်၍ရေးထားသောစာတစ်စောင်ကို Jungkookအား ပေးခဲ့သည် ။

𝐁𝐀𝐃 𝐅𝐑𝐈𝐄𝐍𝐃 (𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄)Where stories live. Discover now