Part-6

4 2 0
                                    


(ရွေနန်းတော်ကို တခဏပြန်ခြင်း၊ နှစ်ပေါင်းများစွာ ခွဲခွာနေသော အစ်ကိုတော်ရဲ့ ဇီးပန်းကိတ်အား ပြန်လည်မြည်းစမ်းဖို့ရာပူဆာခြင်း...)

ပိုင်လင်တစ်ယောက် အသက်၁၆နှစ်တိတိပင်ပြည့်ခဲ့လေပြီ။

လေးစားမြတ်နိုးတန်ဖိုးထားရပါသော ရှစ်ဇွင်းက နှစ်ယောက်မရှိသော မိုးကျရွှေကိုယ်တပည့်ဖြစ်သူအား လွန်ခဲ့တဲ့ရက်ပိုင်းက ရွှေနန်းဆောင်ကို ပြန်ဖို့ နားရက်တစ်ချို့ပေးခဲ့တာကြောင့် ပိုင်လင်တစ်ယောက် အခန်းတွင်းအလုပ်များနေလေတယ်။

ကျားဖြူလေးယွမ်ဖန့်မှာလည်း အခု ကျားဖြူကြီးတစ်ကောင်အဖြစ်ပြောင်းလဲလာကာ အားကိုးဖွယ်သားရဲတစ်ကောင်ဖြစ်နေလေပြီ။

ယွမ်ဖန့်မှာ အခြားကျားများနဲ့မတူ ထူးခြားတဲ့အသွင်ရှိကာ ရှစ်ဇွင်းအဆိုအရ နတ်သားရဲ တစ်ကောင်ဖြစ်တယ်လို့ထင်‌ကြေးပေးကြလေတယ်။

ထင်လည်းထင်စရာပဲလေ! ယွမ်ဖန့်မှာငယ်စဉ်ကတည်းက သေမျိုးတို့ပြုလုပ်သော အဟာရကိုမမှီဝဲ သဘာ၀မိခင်ကြီးရဲ့ လက်ဆောင်ဖြစ်တဲ့ သစ်ဥသစ်ဖုတို့ကိုသာစားသောက်တယ်။

သက်တမ်းအနည်းငယ်အတွင်းအရွယ်ရောက်တာမြန်သလို အင်အားလည်းဆထက်မကကြီးမားတယ်။

သူ့ရဲ့ဟိန်းဟောက်သံကြောင့် သာမန်လူတွေဆံပင်တွေကျွတ်ထွက်ကာ နားပင်ကန်းနိုင်တယ်။

တောင်တစ်တောင်နဲ့တစ်တောင်ကြား ကူးသန်းဖို့ရာတစ်ခါသာခုန်ဖို့လိုပြီး တိမ်ဆိုင်တိမ်လိပ်တို့အားလည်း အချိန်ကြာ နင်းလျှောက်နိုင်ပါသေးတယ်။

"ယွမ်ဖန့် ! အဆင်သင့်ဖြစ်ပြီဆို သွားကြရအောင်..."

ပိုင်လင်မှာလည်း လူပျိုပေါက်အရွယ်နဲ့လိုက်ဖက်တဲ့ အရှည်အမောင်းနှင့် ပိန်ပါးသွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ပိုမိုခန့်ညားလာပေမယ့် သူ့ရဲ့နွေးထွေးတဲ့အသံနဲ့ ချိုမြိန်တဲ့အပြုံးတွေကတော့အခုထိတိုင်းမပြောင်းလဲသေးပါ။

ဖြူလွှလွှကျင့်ကြံ‌ရေး၀တ်ရုံကို၀တ်ဆင်ထားတဲ့ပိုင်လင်မှာ ယွမ်ဖန့် ဂုတ်ပေါ်ကို ပေါ့ပါးစွာ ခုန်တတ်လိုက်တယ်။

ချစ်ကြိုးတေးသီ🦋🍁Where stories live. Discover now