ရှင်းပြခြင်း

47 7 6
                                    

ကိုယ်က taekookerတစ်ယောက်ပါ👨‍❤️‍👨👨‍❤️‍👨

မှတ်မိတဲ့သူရှိအုန်းမလားမသိပေမယ့် My Lovely Uncle (Completed) နဲ့ Hello My Ex (Not Completed)ကိုရေးတဲ့သူပါ။

Hello My Ex ကို ရေးရင်းတန်းလန်းနဲ့ပဲ အလုပ်ကိစ္စတွေကြောင့် ရပ်နားခဲ့ရပေမယ့် ကိုယ့်ရဲ့ taekookအပေါ်ထားတဲ့ ဆတ်ဆတ်ထိမခံနိုင်တဲ့စိတ်ဓါတ်‌တွေကြောင့် ဆက်မရေးဖြစ်တာပါ။

အစကကတော့ ဒီအတိုင်းပစ်ထားလိုက်ရင်လည်း ဘယ်သူမှဂရုမစိုက်လောက်ဘူးလို့တွေးပြီး မရှင်းပြဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကိုယ့်စာတွေကိုကြိုက်ပြီး မေးနေတတ်တဲ့သူတွေ သုံးလေးယောက်လောက်ရှိလာတော့ အားနာစိတ်လေးဝင်ပြီး ရှင်းပြဖို့စာရေးတင်လိုက်တာပါ။

‌ပြန်တင်ပေးဖို့တောင်းဆိုသူတွေက သိပ်မများပေမယ့် သူတို့ကို လေးစားပြီး တန်ဖိုးထားတာကြောင့် စာနဲ့တကွ ရှင်းလင်းချက်တွေရေးပေးတာပါ။

ကိုယ်က taekookကိုအရမ်းယုံကြည်ပြီး ချစ်မြတ်နိုးသလို သူတို့နဲ့ပတ်သတ်ရင်လည်း အရမ်းအထိမခံဖြစ်တတ်ပါတယ်။

အလုပ်ကြောင့်စာရေးခြင်းတွေ ရပ်နားရချိန်မှာ စိတ်အပန်းဖြေဖို့ taekook fanfic လေးတွေရှာပြီး ဖတ်ဖြစ်ပါတယ်။

တကယ်တော့ ကိုယ်က vmin soulmate ကိုအရမ်းကြိုက်တာပါ။ ဖြူစင်တဲ့သူတို့ကြားက သူငယ်ချင်း သံယောဇဉ်ကိုမြင်တိုင်း ကြည်နူးမိသူတစ်ယောက်ပါ။ BTS members ထဲက ကိုယ့် Biasလို့ပြောရင် သူတို့နှစ်ယောက်ပါပဲ။ ဘယ်သူ့ကိုပိုသာတယ်ဆိုတာလည်းမရှိပါဘူး။

ဒါပေမယ့် taekookerဖြစ်ပြီးနောက် တစ်နည်းအားဖြင့် taekook fanfic တွေဖတ်ပြီးနောက်မှာ jiminကို တတိယလူအနေနဲ့ ခနခနသုံးကြတာမြင်ရတော့ အမုန်းကြီးမုန်းမိသွားပါတယ်။

သူ့မှာ ဘာအပြစ်မှမရှိပေမယ့် ကိုယ့်ရဲ့အထိမခံနိုင်တဲ့စိတ်က သူ့ကို taekookကို ဖြိုခွဲသူ ဖျက်စီးသူအဖြစ်မြင်စေခဲ့တာပါ။

၂နှစ်လောက် ကြာမှပဲကိုယ့်စိတ်ကို ပြန်ထိန်းနိုင်ပြီး jiminကို အရင်ကလိုအရမ်းပြန်ချစ်နေပါပြီ။ ဒါပေမယ့် တစ်ချို့momentsတွေမှာ သူတို့နှစ်ယောက်ကြား jiminရပ်လိုက်တာမြင်တိုင်း နည်းနည်းအမြင်မကြည်ဖြစ်မိသွားတတ်ပါတယ်။

အဲလိုအထိမခံနိုင်တဲ့ကိုယ့်စိတ်ကို သိနေတာကြောင့် taekook fanficတွေကို ဖတ်လည်းမဖတ်တော့သလို ရေးလည်းမရေးဖြစ်တော့ပါဘူး။

ဒါပေမယ့် သူတို့momentsတွေကိုတော့ အမြဲစောင့်ကြည့်နေပါတယ်။

ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ အစဉ်မကျတဲ့ စာအရှည်ကြီးကို ဖတ်စေမိလို့ အားနာပေမယ့် ဒီစာတွေကိုမရေးမိရင် ကိုယ့်ခံစားချက်တွေကိုဘယ်သူမှ မသိလောက်ဘူးထင်မိလို့ရေးရတာပါ။

အဲတာကလည်း jiminတစ်ယောက်အကြောင်းပဲရှိပါသေးတယ်။ တခြားသူအကြောင်းတွေတောင်မရေးရသေးပါဘူး။ ဒါပေမယ့် ဒီအကြောင်းနဲ့တင် ကိုယ့်စိတ်ကို အကြမ်းဖျင်းလောက်တော့ နားလည်လောက်ကြမှာပါ။ ကိုယ်က taekookနဲ့ ပတ်သက်ရင် နည်းနည်း ဆိုက်ကိုဝင်နေတတ်လို့ taekook fanficကို စွန့်လွှတ်လိုက်ရတာပါ။

Taekook ကိုတော့ ချစ်နေဆဲ မြတ်နိုးနေစဲပါပဲ။

❤️❤️❤️❤️

အရင်က ရေးခဲ့တဲ့ဟာတွေကို ပြန်တင်ပေးဖို့မဖြစ်နိုင်တော့ပေမယ့် Myanmar version အနေနဲ့ ပြန်ရေးဖြစ်ရင် ရေးဖြစ်လောက်ပါတယ်။

ကိုယ့်ကို fllowerလုပ်တဲ့သူတွေသိပ်မများပေမယ့် ရှိနေတဲ့ရာကျော်လေးက ကိုယ့်စာကိုမြင်ပြီး unfollow ပြန်လုပ်ရင်လည်း ရပါတယ် ကိုယ်စိတ်မဆိုးပါဘူး။

ကိုယ်က taekook fanficကို ရာသက်ပန်စွန့်လွှတ်လိုက်တော့မှာပါ။ စာရေးဖြစ်ခဲ့ရင်လည်း Myanmar BLတွေပဲ ရေးဖြစ်လောက်ပါတယ်။

Taekook onlyဖတ်တဲ့သူတွေက ကိုယ့်notiကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးရင် unfollow လုပ်လို့ရပါတယ်။

မြန်မာဆိုလည်း ဖတ်မှာပဲဆိုတဲ့သူတွေကိုတော့ ဘယ်အချိန်မှ စရေးဖြစ်မလဲမသေချာသေးလို့ စိတ်ရှည်ရှည်နဲ့စောင့်ပေးစေချင်ပါတယ်။

စာ‌အဆုံးထိဖတ်ပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

You've reached the end of published parts.

⏰ Last updated: Sep 27, 2023 ⏰

Add this story to your Library to get notified about new parts!

About Taekook FanficWhere stories live. Discover now