Part (12) Zawgyi

91 0 0
                                    

"နှိုင်း မွေးနေ့ကို ဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲ"

"အရင်နှစ်တွေလိုဘဲ မိဘမဲ့ကျောင်းက ကလေးတွေကိုဘဲသွားလှူမယ် ပြီးရင် မြသွေးနဲ့ အစ်ကိုသတ္တိကို နှိုင်းက မုန့်လိုက်ကျွေးမယ် အဲ့ဒါဘဲ ခမ်းခမ်းနားနားကြီးတွေမလုပ်ချင်ဘူး "

"မုန့်ကျွေးမယ်ဆိုတော့ မြသွေးကလည်း နှိုင်းအတွက် မွေးနေ့လက်ဆောင်ပေးရမှာပေါ့"

"မလိုပါဘူး မြသွေးရယ် မြသွေးနဲ့အစ်ကိုသတ္တိက နှိုင်းအပေါ် ဒီလောက်ကောင်းတာ မုန့်ကျွေးတာလောက်နဲ့တောင် မလုံလောက်နိုင်ဘူး "

"ကျေးဇူးဆပ်ချင်ရင် မြသွေးအစ်ကိုကို ယူလိုက်လေ အဲ့တာဆိုကျေးဇူးဆပ်စရာမလိုတော့ဘူး"

"မြသွေးကတော့ နောက်ပြီ "

"ဟုတ်တယ်လေ နှိုင်းကအမြဲအားနာနေတော့ မိသားစုဖြစ်မှဘဲ အားမနာတော့မှာပေါ့ "

"နောက်တစ်ခါဆို နှိုင်း အားမနာတော့ပါဘူး မြသွေးရယ်"

"အဲ့လိုမှပေါ့ "

နှိုင်းနှင့် မြသွေးတို့ ပြိုင်တူရယ်မိလိုက်ကြသည်။

"မြသွေးသွားတော့မယ် နှိုင်းလည်း လုပ်စရာတွေရှိသေးတယ်မလား နှိုင်းမွေးနေ့ကျမှတွေ့မယ်နော် "

"ဟုတ်ပြီ မြသွေးဂရုစိုက်သွားနော်"

မြသွေးနှိုင်းအား နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။
ညစာစားချိန်တွင် သွေးသတ္တိသည် တစ်ခုခုအား စဉ်းစားနေခဲ့သည်။ ထိုနောက်သူ၏အတွေးအား ညီမဖြစ်သူအားပြောပြရန်ဆုံးဖြတ်လိုက်သည်။

"မြသွေး အစ်ကို နှိုင်းကိုဖွင့်ပြောသင့်လား "

"ကောင်းတာပေါ့ အစ်ကို မြသွေးလည်း နှိုင်းကို ယောက်မတော်ချင်တယ် "

"မြသွေးမှာ ရည်ရွယ်ထားတဲ့သူ မရှိဘူးမလား ညီမလေး "

"မရှိဘူးထင်တယ် မြသွေး နှိုင်းပြောတာမကြားဖူးဘူး "

"မရှိရင်တော့ တော်သေးတာပေါ့"

"နှိုင်းက အလုပ်သရဲဆိုတော့ သူ့မှာရည်းစားထားဖို့ အချိန်ရှိမှာမဟုတ်ဘူး ပြီးတော့ နှိုင်းမှာရင်းနှီးတဲ့သူဆိုလို့ မြသွေးဘဲရှိတာ "

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now