အနှောင်အဖွဲ့ One short

9.7K 485 31
                                    

Unicode

မီးနို ၏ အနှောင်အဖွဲ့သီချင်းလေးကို Repeat လုပ်ကာ နားထောင်ရင်း ဖတ်ပေးကြပါရန်....။

~ ဆုံဆည်းဖို့က မဖြစ်နိုင်ဘူးလား
နောက်ဆုတ်မရတဲ့ အခြေအနေများ
ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးတာ
ငါတို့အပြစ်လား...
စုပ်လည်းစူးလား စားလဲရူးလား
သိသိရက်နဲ့နှောင်ဖွဲ့ထား
ပြဇာတ်တစ်ခုလို ဇာတ်တွေတိုက်ကာ တစ်ကယ်တမ်းလွှဲမှား
မျက်လုံးချင်းစကားတွေပြောနေမယ့်
တစ်ကယ်မဟုတ်သော ထိတွေ့ခြင်းတွေနဲ့
အိမ်ပြန်ဖို့ပွေ့ဖက်နှုတ်ဆက်ရင်း ငိုနေမယ်
အဆုံးသတ်ဖို့ ခက်နေကြတဲ့ဒီဇာတ်လမ်းမှာ
အရင်အတိုင်းလေးရှေ့ဆက်သွားရင်ရော မဖြစ်ဘူးလား
ဆိုင်သူရှိနေတာ သိရက်နဲ့များ
ဒါဆိုခဏတော့ သည်းခံစောင့်ဆိုင်းပေးပါ
သူပြောတဲ့ ကတိတွေ သစ္စာတွေ ငါမသိပါ
ဒီအတိုင်းလေးတိတ်တိတ်လေး ရင်ခုန်နေဦးမှာ
စေလိုရာရူးနေတာ ငါတို့အပြစ်တဲ့လား
အနှောင်အဖွဲ့တွေ ကြားမှာနေခွင့်ပြုပါ
ဝဋ်ကြွေးတွေလား....~

စတိတ်စင်ပေါ်တွင် မာန်ပါပါဖြင့် သီဆိုနေသော မိန်းကလေးငယ်တစ်ဦး ။ ထို မိန်းကလေး သည် လှသလို သူမ၏ အသံလေးသည်လဲ နားထောင်ကောင်းလေသည်။

စင်အောက်တွင် သူမလေးသီဆိုနေသည့် သီချင်းသံစဉ်လေးကို စိတ်ဝင်တစားနားထောင်နေကြသူများ အပြင် တဏှာမျက်လုံးဖြင့် ကြည့်နေကြသည့် သူများလဲရှိကြသည်။

"ဟဲ့! တိမ်လွှာ ဒီကလေးမလေး အသံကောင်းတယ်နော် သူအဆိုတော်ဖြစ်သင့်တယ် နင်တို့ entertainment ကအဆိုတော်အသစ်တွေမတင်သေးဘူးလား"

"ဟင့်အင်း လောလောဆယ်တော့ မရှိသေးဘူး"

"ငါကတော့ ဒီကလေးမလေး ရဲ့အသံကိုသဘောကျတယ်"

"အသံကိုသဘောကျတာလား လူကိုသဘောကျတာလား"

"အသံကိုပါဟယ် လူလေးလဲချစ်စရာလေး"

တိမ်လွှာ ။ သူမနာမည် တိမ်လွှာမိုးမြင့် ။ တိမ်လွှာ Entertainment ရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သည်။ တိမ်လွှာတေးသံသွင်းမှ အောင်မြင်သွားသည့် နာမည်ကျော်အဆိုတော်များစွာရှိသည်။

တိမ်လွှာသည် ယနေ့ တွင် သူငယ်ချင်းဖြစ်သူသန္တာနှင့်အတူ Seven Star စားသောက်ဆိုင်တွင် ညစာစားနေခြင်းဖြစ်သည်။
ထိုစားသောက်ဆိုင်တွင် သီဆိုဖျော်ဖြေနေသည့် မိန်းကလေးငယ်များလဲရှိသည်။

အနှောင်အဖွဲ့  ( One Short )Where stories live. Discover now