မနာလိုစိတ်တွေတော်တော်များများက မုဒိတာ မထားနိုင်ခြင်းကနေစလာပါတယ်။
ကိုယ်မဟုတ်တဲ့အခြားသူတစ်ဦးက ကိုယ်နဲ့ဆင်တူတဲ့အလုပ်လုပ်လာတဲ့အခါ ၊ ကိုယ်ထက်သာသွားမှာ စိုးရိမ်လာတဲ့အခါ၊ ကိုယ်က သူ့လောက်ထင်ပေါ်မှုမရှိတော့တာကို ကြောက်လာတဲ့အခါမှာ မုဒိတာမထားနိုင်ခြင်းတွေဖြစ်လာတတ်ပါတယ် ။
လူတိုင်းမဖြူစင်နိုင်ကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တည်နေတဲ့ အဲ့ဒီလိုစိတ်တွေကို အထိန်းအကွပ်မလုပ်နိုင်တဲ့အခါမှာ အပြင်ကိုစိတ်ညစ်ပတ်တွေ လျှံထွက်လာတတ်တဲ့ အခိုက်အတန့်တွေရှိလာတတ်ပြန်တယ် ။ ဒီစိတ်တွေနဲ့ကြောင့်ပဲ မရေးသင့်တာတွေ ၊ မပြောသင့်တာတွေ ၊ မလုပ်သင့်တာတွေလုပ်မိကြတယ်။
ကိုယ်ဆိုလည်း လူထဲကလူမို့ တစ်ခါတစ်လေကျရင် ပေါ်လာတတ်တဲ့ စိတ်ညစ်ပတ်တွေရှိပါတယ် ။ ဒါပေမယ့် အမြဲဆေးချပစ်ဖို့ ကြိုးစားလုပ်ယူရတယ် ။ သူများနဲ့လိုက်ပြိုင် ၊ လိုက်တုလုပ်နေရတာက စိတ်ပင်ပန်းတယ်လို့ ခံစားရလို့ပါ။ ကိုယ့်ဖန်တီးမှုနဲ့ကိုယ် ကိုယ်ခြေလှမ်းလေးနဲ့ကိုယ် အေးအေးဆေးဆေးလေးပဲ သွားချင်လို့ပါ။
အပေါ်မှာပြောခဲ့သလိုပဲ သူများရဲ့ ဖြစ်တည်အောင်မြင်ခြင်းပေါ် မုဒိတာဆိုတာမပွားနိုင်ရင် မနာလိုဖြစ်လာတတ်တယ် ၊ တိုက်ခိုက်မှုခြေလှမ်းတွေ စလာနိုင်ပါတယ် ။ ကိုယ့်ကဘာမှမလုပ်ပဲ ကိုယ်နဲ့ဘာမှမပက်သက်ပဲ က်ိုယ်နဲ့ဘာမှမဆိုင်ပဲ အလုပ်လေးတူနေရုံ၊ သူများကိုလူပိုချစ်ရုံနဲ့ သွားပုပ်လေလွင့်ပြောပြီး ရိုက်ချတတ်တဲ့ လူတချို့တွေ့ဖူးတယ် ။ အဆိုးဆုံးက အဲ့ဒီလူတွေက မိန်းမချင်းကိုယ်ချင်းသိပ်စာပါတယ်ဆိုပြီး ကြွေးကြော်ပြီး လူတွေက ချစ်အောင် ၊သိပ်အားကျအောင် ဖန်တီးလုပ်ယူနေကြတဲ့သူတွေ ။
ကိုယ်နဲ့ လိုင်းလေးတူပြီထင်တာနဲ့ အုပ်စုလိုက် စုဖွဲ့ပြီး လိုင်းချော်အောင် တွန်းထုတ်ကြတာတွေကိုမြင်မိရင် ကိုယ်တွေလက်ရှိ အသိုင်းဝိုင်းလေးနဲ့ မိတ်ဆွေတစ်ချို့ကို ကျေးဇူးတင်တာပဲ။ ကိုယ့်အသားလေးကိုမထိပါပဲနဲ့ လိုက်တိုက်ခိုက်တတ်တာက ခွေးရူးတစ်ကောင် အလွတ်ရမ်းနေသလိုပါပဲ ။ ဒီခွေးရူးကို မထိန်းသိမ်းပေးတဲ့အပြင် ပိုရမ်းအောင် ရှုးတိုက်တတ်တဲ့ မိတ်ဆွေတွေရှိရင်တော့ ပိုဆိုးပြီပေါ့။ တကယ်ပညာတတ်တဲ့သူက သူ့အသားတကယ်နာမှ သူလိုအပ်တာကို ဘောင်ထဲကနေ နည်းလမ်းတကျနဲ့ တချက်ချင်းတုန့်ပြန်တတ်တာ ။
ဘဝနေနည်းတွေက သိပ်ပညာသားပါတာနော်။ Emotion တွေ Anger Management တွေမကောင်းရင် အလိုလို Level တွေက ထိုးကျကုန်ရော။ နေတတ်အောင်နေပြီး ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ သေချာမသိပဲ ဝင်မရေးမပြောတာကလည်း မင်္ဂလာတစ်ပါးပဲနော် ။ ကိုယ်လည်း ဆင်ခြင်ပြင်ဆင်စရာတွေက အများကြီးပဲ ။ #မာရင်ရင်
- Yangon
- JoinedMarch 8, 2023
Sign up to join the largest storytelling community
or
Yuri_Nai
Jan 21, 2025 01:46PM
မေဘရဏီရဲ့ရွှေသုန္ဒရီ Fiction လေးက Shayy Book House ကနေထွက်ရှိလာပါပြီ။ https://www.facebook.com/profile.php?id=100091677611216&mibextid=ZbWKwLView all Conversations
Stories by 𝓨𝓾𝓻𝓲 𝓝𝓪𝓲
- 7 Published Stories
မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)
1.1M
40.4K
44
ရွှေသုန္ဒရီကမေဘရဏီ အပိုင်ဖြစ်လို့ ဘယ်သူမှထိခွင့်မရှိဘူး
(ဒေါ်မေဘရဏီ)
မေဘရဏီနဲ့ရွှေသုန္ဒရီဟာ ထပ်တူကျလို့ ဘယ်သူ...
#96 in lesbian
See all rankings
Daddy Wife (Completed)
1.7M
60K
47
"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ"
Own Creation ။
Starting Date - 24.8.2023
Ending Date - 15...
#12 in lgbt
See all rankings
ဧည့်သည် (Ongoing)
4.2K
357
3
- မြူတွေဆိုင်းနေတဲ့ ရာသီဥတုရယ်
- တောင်တန်းတွေရယ်
- တောင်နေကြာ ပန်းခင်းကြီးရယ်
- အက္ခရာ ချစ်တဲ့ မမရယ်
#462 in myanmarfic
See all rankings