CEO Xiao ရဲ့ ဝမ်အူကြူး

855 56 8
                                    

Unicode

"ကိုယ်မင်းကို ချစ်တယ်"

နားကြားများလွဲလေသလားလို့ ကြောင်တောင်တောင်လေးနဲ့ ပြူးကြည့်လိုက်မိတဲ့ ဝမ်ရိပေါ်

သူ့ရှေ့က လူကြီးဟာတော့ တည်ငြိမ်ရင့်ကျက်စွာဖြင့်

"ကိုယ်မင်းကို ချစ်တယ်လို့!"

အပြုံးနုနု တစ်ပွင့်ကို ပန်ဆင်ရင်း သူ့ကိုစိုက်ကြည့်လို့ပြောနေသူမှာ သူ့အဖေသူငယ်ချင်းဖြစ်သူရဲ့သား
သူ့လိုဘဲ ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့အပြင် သူ့ထက် 6နှစ်မျှကြီးတဲ့ အကိုကြီး...!

Suit အပြာရင့်လေးနဲ့ ခန့်ညားနေပြီး လူအများက ရိုသေလေးစားရတဲ့ Xiao Group ရဲ့ တစ်ဉီးတည်းသော သား ရှောင်းကျန့်

မယုံနိုင်ခြင်းများစွာနဲ့ ရိပေါ်တစ်ယောက် ယှက်ထားမိတဲ့ လက်နှစ်ဖက်မှာ မသိမသာလေးလှုပ်ရှားလို့ တစ်ဖက်ကိုဆွဲဆိတ်ကြည့်လိုက်လေတယ်။

'အ့ာ'

နာ‌တယ်! ဒါဆိုအိပ်မက်မဟုတ်ဘူးပေါ့။

"ရိပေါ်"

ပြုံးရင်းခေါ်လိုက်သည်က အပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လို
အခုလေးတင် ယောက်ျားလေးချင်း ရည်းစားစကားပြောလိုက်တာ သူမဟုတ်သလိုဘဲ

ဒီလိုတွေ တွေးမိတော့ ရိပေါ်လည်း ညစ်ကျယ်ကျယ် ပြန်ပြုံးလိုက်မိတယ်။ အပြစ်ကင်းချင်ယောင်ဆောင်တဲ့ကလေးကို သရုပ်မှန်ပေါ်လာအောင် အနိုင်ကျင့်ချင်လာတဲ့ အကိုတစ်ယောက်လိုပေါ့

ကော့တက်လာတဲ့ နှုတ်ခမ်းစွန်းတစ်ဖက်နဲ့အတူ လက်ကို မာန်ပါ ပါပိုက်လိုက်ရင်း

"ကျွန်တော့်ကို ချစ်တာလား"

"အင်း"

ခေါင်း တဆတ်ဆတ်ငြိမ့်ရင်း ပြန်ဖြေလာတာကို သဘောတကျပြုံးလိုက်ကာ

"ဒါဆို ကျွန်တော့်ရဲ့ Bodyguard လုပ်! ကျွန်တော်ခိုင်းတာအကုန်လုပ်ရမယ် ကျွန်တော့်ကိုယ်ပေါ် အမဲစက်သေးသေးလေးတစ်ခုတောင်မထင်ရလေအောင် သေချာ ဂရုစိုက်ရလိမ့်မယ် ဘယ်လိုလဲ"

မျက်ခုံးတစ်ဖက်ကို ပင့်တင်ရင်းဆိုလိုက်ပြီး တစ်ဖက်က ဂုဏ်သရေရှီ ရှောင်းလူကြီးမင်းကို ကျီစားလိုက်လေတယ်။

FMV to Short story Where stories live. Discover now