Unicode
ကိတ်မုန့်ပေါ် ခရင်မ်ဖြူလေးတွေ သုတ်လိုက်ပြီးနောက် ကလေးလေးကြိုက်တဲ့ နံနံပင်နဲ့ အလှဆင်နေတဲ့ကောင်လေး
မဝတ်စဖူးဝတ်ထားတဲ့ apron ကြီးတကားကားနဲ့ မီးဖိုချောင်မှာ ပတ်ပြေးလို့ Birthday cake ကို ကြိုးစားပမ်းစား ပုံဖော်နေရှာတယ်
တကယ်တော့ ဒီနေ့က သူ့မွေးနေ့ မွေးနေ့ရှင်ကိုယ်တိုင်က cake ပြင်နေလို့ မထူးဆန်းပါနဲ့ ကလေးကို သူ့မွေးနေ့မှာ သူကိုယ်တိုင်လုပ်ထားတဲ့ ကိတ်လေးကိုဘဲ စားစေချင်လို့လေ
ရုံးကပြန်လာပြီးကတည်းက မီးဖိုချောင်ထဲ ခရီးဆက်လိုက်တာ ကောင်းကင်ကြီးကမှောင်မဲလို့ အပြင်မှာ လူခြေတွေတောင် တိတ်ကုန်ပြီ
သူ့ကလေးလေးကတော့ပြန်မလာသေးဘူး။
သူကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မုန့်လေးကို စားပွဲအလယ်မှာထားလိုက်ပြီး ပြင်ဆင်ထားတဲ့ ဝိုင်ပုလင်းလေးနဲ့အတူ ဖယောင်းတိုင်လေးတွေကလည်း ဘေးဘက်မှာ အစီအရီလေးနဲ့ လှပတဲ့ ညစာ စားပွဲလေးအဖြစ်ရှီနေတယ်
စားပွဲမှာထိုင်မယ့် လူနှစ်ယောက်က မပြည့်သေးပေမယ့်လို့....
ရှောင်းကျန့်က သူ့ဖုန်း နာရီကိုတစ်ချက်ကြည့်လိုက်တော့ 8နာရီကျော်လို့နေပြီ။ပုံမှန် 7နာရီထက် အိမ်ပြန်နောက်မကျတတ် ကလေးက 8နာရီအထိ ပြန်မလာတဲ့အခါ စိုးရိမ်စိတ်ကအရင်ဝင်တယ်။
ဒီနေ့မှ ရုံးအလုပ်ရယ် သူ့မွေးနေ့မှာ ကလေးအတွက် သူကိုယ်တိုင် ချက်ပြုတ်ကျွေးချင်တာတွေကြောင့် ပြင်ဆင်နေတာနဲ့ အလွှတ်ပေးလိုက်မိတာ အကျင့်ဖျက်သလိုများဖြစ်သွားပြီလား
အလျင်အမြန် ဖုန်းနံပါတ်တစ်ခုကို လှမ်းဆက်လိုက်တော့ သူ့ကလေးလေးဟာ ဂိမ်းဆိုင်တစ်ခုမှာပါတဲ့လေ
တော်သေးလို့ ကလေးနောက်ကို လူယုံထည့်ပေးမိတာကြောင့်သာ ပြန်သိရတာမဟုတ်ရင် ဘယ်လိုက်ရှာရမယ်မှန်းတောင် သိမှာမဟုတ်ဘူး။ဒီလိုတွေးမိတော့ ကလေးနဲ့သူ့ကြား စည်းတွေရှီနေသေးတယ်ဆိုတာကို သတိထားမိပြီး စိတ်မကောင်းတော့ဖြစ်မိပြန်တယ်။ ချစ်တယ် ဝန်ခံခဲ့တယ် အနားမှာကပ်တွယ်နေခဲ့တယ် ဒါတောင် ဝေးကွာနေသေးတယ်ဆိုတဲ့ ခံစားချက်တွေက ကလေးဘက်ကသူ့ကိုအေးစက်နေသေးလို့ဖြစ်မယ်
![](https://img.wattpad.com/cover/353172225-288-k924561.jpg)