01

956 60 0
                                    

အနေအေးပြီးခပ်တည်တည်သာနေတတ်တဲ့ဝန်ဘင်း။ စာအတော်ကြီးမဟုတ်ပေမယ့်သာမာန်အသင့်အတင့်ကျောင်းသားတစ်ယောက်။ ဆိုဟီးဆိုတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာအဓိကထားပေါင်းသည်။

SM ဆိုတဲ့အင်္ဂလိပ်စာသင်တန်းကိုသူတက်ခဲ့သည်မှာတစ်ပါတ်ပင်မကတော့။ တစ်ပါတ်မှာသုံးရက်သာတက်ရသောထိုသင်တန်းကိုအင်္ဂလိပ်စာနှင့်ပတ်သက်ရင်လိုအပ်နေသေးသည်ထင်၍တက်ခဲ့ခြင်း။ အချိန်ကညနေ6နာရီကနေ7နာရီအထိတက်ရသည်။

ဝန်ဘင်းတစ်ယောက်စာသင်ခန်းကသုံးလွှာမှာရှိ‌၍လှေကားထစ်တွေကိုပျင်းရိစွာတက်နေရသည်။ ကျောပိုးအိတ်လွယ်ထားတဲ့အပြင်လက်ထဲမှာလည်းစာအုပ်သုံးအုပ်ကိုလည်းကိုင်ထားသည်။ ထိုစာအုပ်သုံးအုပ်ပိုင်ရှင်ကဆိုဟီး။
ကျောင်းပျက်ထားတုန်းကစာတွေပြန်ကူးရန်ငှားထားခဲ့ခြင်း။ ကိုယ်ကြိုက်တဲ့ memories သီချင်းကိုနားကြပ်တပ်ကာနားထောင်နေပြီးသီချင်းထဲမှာစီးမျောနေတော့ပတ်ဝန်းကျင်ကိုသတိမထားမိခဲ့။

အနောက်ကနေတဝုန်းဝုန်းပြေးတက်လာတဲ့ခြေသံတွေကိုလည်းသူမကြားမိပေ။

ပြေးတက်လာသူခြေသံပိုင်ရှင်ကကိုယ်တစ်ခြမ်းကိုဝင်တိုက်သွားသဖြင့်လက်ထဲကစာအုပ်တွေကပြုတ်ကျသွားရုံမကဘဲလူကလည်းလှေကားလက်ရန်းဘက်ကိုယိုင်သွားသည်။ တော်သေးတာကလက်ရန်းကိုဆွဲထား၍လန်ကျမသွားတာ။ ထိုသူကလည်းဝန်ဘင်းရဲ့ကိုယ်ကိုလှမ်း၍ထိမ်းကိုင်ပေးထားလို့လည်းပါမည်။

သူစိမ်းတစ်ယောက်ထိကိုင်တာမကြိုက်တဲ့ဝန်ဘင်းကထိုလက်ကိုချက်ချင်းရိုက်ထုတ်လိုက်ပြီး ထိုသူ့မျက်နှာကိုတည်တည်နှင့်အကြည့်စူးစူးတို့ပေးလွှတ်လိုက်သည်။

ရွှင်ပျပျမြူးတူးတူးရိပ်တို့နဲ့မျက်နှာပိုင်ရှင်က

" ဆောရီး အစ်ကို ကျွန်တော်လောသွားလို့ "

ပြုတ်ကျသွားတဲ့စာအုပ်တွေကိုလည်းပြန်ကောက်ပြီးလက်ထဲထည့်ပေးလာသည်။

လှေကားထစ်တစ်ခုတည်းမှာမျက်နှာချင်းဆိုင်ရပ်နေပေမဲ့ထိုသူကအရပ်ပိုမြင့်တော့ဝန်ဘင်းကမော့ကြည့်နေရသည်။ ရှပ်အင်္ကျီအဖြူရောင်ကိုဘေးအဆင်းကြားအဖြူ‌ရောင်ပါတဲ့ဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထားတဲ့သူ။ ကျောပိုးအိတ်ကိုလည်းတစ်ခြမ်းလွယ်ထားသည့်သူ့ပုံစံကကြည့်ကောင်းနေသည်။

First and LastWhere stories live. Discover now