ဝန်ဘင်းကချန်းယောင်းရဲ့အကောင့်ကတင်သမျှရှဲမျှတွေကိုအသည်းမပေးဖြစ်ပေမဲ့လက်မတော့အမြဲတမ်းထောင်ဖြစ်သည်။
' မင်းလိုကောင်ဆီကရီအက်ရဖို့လွယ်သလား
မင်းရဲ့ရီအက်တွေကရှယ်ပို့စ်တွေမှာတောင်ရှိနေတာ တစ်ခုမှမလွတ်ဘူး ချန်းယောင်းအကောင့်ကိုအသေးစိတ်စောင့်ကြည့်နေတာလား ' လို့ဆိုဟီးကကျွန်တော်ချန်းယောင်းကိုကြိုက်နေတယ်ဆိုတာကိုစသိတဲ့အချက်ကိုပြောပြခဲ့ဖူးသည်။တကယ်လည်းသူပြောသလိုချန်းယောင်းအကောင့်ကိုအသေးစိတ်စောင့်ကြည့်နေခဲ့တာ။
မျက်စိဆံပင်မွှေးစူးစရာကိစ္စကလွန်ခဲ့တဲ့တစ်ပါတ်ကျော်လောက်ကစတင်ပေါ်ပေါက်လာခဲ့သည်။
ချန်းယောင်းရဲ့အမေရိက,ကသူငယ်ချင်းအယ်လာဆိုတဲ့ကောင်မလေးကကိုရီးယားကိုပြန်ပြောင်းလာခဲ့သည်။ သူတို့နှစ်ယောက်ကဟိုမှာလည်းအတော်ရင်းနှီးကြပုံပင်။ ဝါသနာတူသူငယ်ချင်းတွေ။ သူမကချန်းယောင်းရဲ့ပို့စ်တိုင်းမှာရီအက်ပေးကွန်မန့်ပေးတာတွေလွန်ခဲ့တဲ့တစ်ပါတ်ကျော်ကစလာခဲ့သည်။
Ella Kimဆိုတဲ့အကောင့်ထဲကိုဝင်ကြည့်တော့ဖွင့်ထားတာမကြာသေးပါ။ သူမအကောင့်နာမည်ကချန်းယောင်းရဲ့ဖေ့ဘွတ်ခ်နာမည်နဲ့ဆင်နေတာကိုလည်းသဘောမကျပါ။ ဒါပေမဲ့လည်းကျွန်တော်ကဘာတတ်နိုင်မှာလဲဘာမှပြောခွင့်မရှိတဲ့သူလေ။ မမြင်ချင်ရင်မကြည့်ရုံဘဲရှိတော့တာ။ ဒါကြောင့်ချန်းယောင်းရဲ့အကောင့်ကိုအရင်လိုစောင့်မကြည့်တော့ဖို့ဆုံးဖြတ်လိုက်ရသည်။
{ အစ်ကိုဘာလုပ်နေလဲ }
အစကတော့အစ်ကိုလို့ခေါ်တာကိုသဘောကျပေမဲ့နောက်မှသိလိုက်ရတာကသူကဆိုဟီးကိုလည်းအစ်ကိုလို့ခေါ်သည်။ သူ့ပတ်ဝန်းကျင်ကသူ့ထက်ကြီးတဲ့လူမှန်သမျှကိုအစ်ကိုခေါ်နေတော့တာ။ ချန်းယောင်းကလိမ္မာယဉ်ကျေးလေးဆိုတာကိုကျွန်တော်မေ့ထားမိတာဘဲ။
ချန်းယောင်းကမက်ဆင်ဂျာကနေစာပို့လာတော့လိုင်းဆင်းဖို့လုပ်လိုက်ရတော့သည်။ သူနဲ့လည်းစကားဆက်မပြောချင်။
{ အိပ်တော့မှာ ဂွတ်နိုက် }
ချက်ချင်းလိုင်းဆင်းသွားသူကြောင့်ချန်းယောင်းခမျာကြောင်တောင်တောင်လေးဖြစ်သွားရသည်။ ည၈နာရီပဲရှိသေးတာကိုအိပ်မှာကမဖြစ်နိုင်တာ။ အစ်ကိုလိုညဉ့်နက်မှအိပ်တတ်တဲ့ညဇီးကွက်အတွက်ဆိုပိုလို့တောင်မဖြစ်နိုင်သေး။ အစ်ကိုပုံစံကဒီရက်ပိုင်းမှာပုံမှန်မဟုတ်တစ်ခုခုထူးခြားနေသည်။ ဘာဖြစ်မှန်းမသိပေမဲ့အရင်လိုမဟုတ်တော့တာလည်းသိတယ်။