မနေ့က စော် ငြင်းခံရတာ မို့ ထယ်ယောင်းတို့ အိမ်တွင်းအောင်းနေသည်။ ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိတော့ TV ရှေ့ထိုင်ပြီးပဲဂိမ်းဆော့နေလိုက်သည်။ ဂိမ်းပွဲကလည်းအရှိန်တက်လာတာမို့ အာရုံရောက်လျှက်
တီးတောင် ! တီးတောင် !
အိမ်ရှေ့ bellနိုပ်သံကြောင့်ထယ်ယောင်းဂိမ်းဆော့ရာကနေ"အိုမားးးး!အိမ်ရှေ့မှာ ဘယ်သူရောက်နေလည်းမသိဘူး "
"အိုမားးးအိမ်ရှေ့မှာ.."
"Aigooo.. ငါကြားပါတယ် ဘယ်လိုဖြစ်လို့ဇွတ်အော်နေတာတုန်း"
မီးဖိုခန်းထဲကပြေးထွက်လာတယ့် ထယ်ယောင်းအမေက ခပ်သုတ်သုတ်သွားပြီးဖွင့်ပေးလိုက်သည်။ အတော်အားကိုးရတယ့်သားလေး အမေက အလုပ်များနေတာ တံခါးလေးတောင်ကူဖွင့်ဖော်မရ ဒီဟာလေးကို ငါဘာလို့မွေးထားမှန်းကိုမသိတာ
"ဩော် ဂျောင်ဂု ကိုးး အန်တီကဘယ်သူများလည်းလို့ "
ဂျောင်ဂုဆိုတယ့်နာမည်ကြားတော့ ဆော့လက်စဂိမ်းကိုခနချထားပြီး ထယ်ယောင်းတို့များနားစွန့်သည်။
နွားက ဘာလာလုပ်တာလည်း မသိရင် သူ့အိမ်ကြနေတာပဲ လာချင်တယ့်အချိန်လာနေတာ
"သားအိမ်မှာ ရေပျက်နေလို့ အဲ့ဒါအိုမားက အန်တီ အိမ်မှာသွားချိုးစိုးလို့ ရောက်လာတာ"
ထယ်ယောင်းနဲ့ဂျောင်ဂု တို့မှာ အိမ်ချင်းကပ်ယပ်ဖြစ်သည်။ ထယ်ယောင်းတို့မိသားစုကမချမ်းသာပေမယ့် အစစအရာရာ သူ့နေရာနဲ့သူ ပြည့်စုံလှသည်။မိဘချင်းမှာလည်း ရင်းနှီးယုံမက ပုခုံးဖက်ပေါင်းလာကြတယ့်သူငယ်ချင်းဆိုလည်းမမှားပေ။
"ဒါများကွယ် ...လာလာ ၀င် အေးအေးဆေးဆေးသာ ချိုးသွား ကြားလား သားမေမေကော မလာဘူးလား"
"ညနေ ကြရင်လာမယ်တယ့် ပြီးတော့အန်တီ့အတွက်ဂင်ချီလည်းယူလာခဲ့မယ်တယ့်"
"ဟုတ်ပါပြီ သားလည်း မေမေလာမှပဲ ပြန်တော့ သားရဲ့ အချစ်တော်လေး ကတော့ခေည့်ခန်းထဲမှာ အလုပ်များနေတယ် "
"ဘယ်လို ထူးထူးဆန်းဆန်း အလုပ်များနေတယ် ဆိုတော့ "
"ဂိမ်းဆာ့နေတာ သူတစ်နေ့နေ့ ဂိမ်းဆော့မယ် စားမယ် အိပ်မယ် အဲ့ဒါပဲ ပြောလို့လည်းမရပါဘူးသားရယ် "
YOU ARE READING
ပြိုင်မျဉ်း နှစ်ကြောင်း
FanfictionJk pov ထယ်ယောင်းလို လူက ကျွန်တော့အတွက် မျက်လုံးနှောက်စရာပဲ Th pov ကြည့်လို့ကိုမရတာ အပိုတွေပြောလွန်းလို့